
အသာစား ပီရန်ညာငါး များရဲ့အကြောင်းကိုတော်တော်များများသိရှိကြပါတယ်။
ဒီငါးများဟာ ရက်စက်ကြမ်းကြုတ်ပြီး သေစေနိုင်လောက်အောင် အန္တရာယ်ရှိ
ကြပါတယ်။ဒါပေမယ့် ပီရန်ညာမျိုးနွယ်ဝင် ငါးမျိုးစိတ်တော်တော်များများဟာ
အခြားအရွယ်တူ ငါးတွေထက် ပိုပြီးအန္တရာယ်မပေးနိုင်လို့ကြောက်စရာ
မရှိပါဘူး။ဒါပေမယ့် တစ်ချို့သော ပီရန်ညာ ငါးမျိုးစိတ်အချို့ကတော့ အလွန်
ကြောက်စရာကောင်းလောက်အောင် တိုက်ခိုက်သတ်ဖြတ် တက်ကြပါတယ်။
ဒီငါးတွေမှာ ဓားသွားလို၊ လွှသွားလို ထက်နေတဲ့ သွားတွေပါရှိကြပြီး အဲဒီသွား
တွေနဲ့ သားကောင်ကို ကိုက်ဖြတ်တတ်ကြပါတယ်။

ဒီပီရန်ညာငါးများဟာ တောင်အမေရိက မြစ်တွေထဲမှာရှိတက်ကြပါတယ်။
ဗင်နီဇဲါလားနိုင်ငံမှာတော့ ဒီငါးများကို caribes လို့ခေါ်ကြပါတယ်။
ပီရန်ညာငါးများဟာ အုပ်စုလိုက် နေတတ်ကြပြီး သားကောင်ကို အတူတကွ
ဝိုင်းဝန်းကာ တိုက်ခိုက်တတ်ကြပါတယ်။ ဒီငါးများဟာ သားကောင်များကို
တိုက်ခိုက်ရာတွင် လျှင်မြန်တဲ့ အရှိန်အမြန်နှုန်း နှင့် လျှပ်တစ်ပြက် စုပေါင်း
တိုက်ခိုက်ကြတာမို့လို့ သူတို့၏သားကောင်မှာ အချိန်ခဏ အတွင်းမှာပင်
တစ်စစီ ဖြစ်သွားတတ်ပါတယ်။ ဒီငါးများဟာ အကောင် အလွန်ကြီးတာ
မဟုတ်ပေမယ့် စုပေါင်းပြီးလျှင်မြန်စွာ တိုက်ခိုက် သတ်ဖြတ်တတ်ကြလို့
သူတို့ထက် အဆများစွာကြီးတဲ့ သတ္တ၀ါများကိုပင် တိုက်ခိုက်သတ်ဖြတ်
တတ်ကြပါတယ်။


ဒီပီရန်ညာ ငါးများကို ဇာတ်လမ်းလုပ်ပြီးရိုက်ထားတဲ့ ရုပ်ရှင်ကားများတောင်
ရှိကြပါတယ်။ နေခရမ်းဆိုဒ်တွင်လည်း ပီရန်ညာငါးများ၏ တိုက်ခိုက်တဲ့ အဖြစ်
များကို ပိုစ့်တင်ဖူးပါတယ်။

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……………………. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။