ထူးထူးခြားခြားအနုပညာ စာမျက်နှာမှာ ကြည့်နိုင်ပါတယ်။အခုလည်း အီတလီ ပန်းချီပညာရှင်
Johannes Stoetter ၏ ဆန်းပြားတဲ့ Body Art ပန်းချီများကို တင်ပေးလိုက်ပါတယ်။
ကြည့်ရှုအားပေးကြပါအုံးနော်......

ဒီပုံကတော့ ကြည့်လိုက်လျှင် ရောင်စုံလှပတဲ့ ဖားပုံစံဟုထင်စရာပါ။ ဒါပေမယ့် ဒီလိုပုံဖြစ်စေဖို့
အမျိုးသမီး ငါးဦး ပေါင်းစပ်ဖွဲ့စည်းထားရတာပါ။ မိန်းကလေးငါးဦး ကို ပုံစံကျအောင်နေခိုင်းပြီး
ဆေးရောင်စုံတင်လိုက်တဲ့အခါ ယခုပုံစံမြင်ရပါတယ်။ ဒါဟာ Johannes ၏ လက်ရာမြောက်တဲ့
ပုံကောင်းတစ်ခုပါ။ ကျွန်တော်အရင်က တင်ပေးဖူးတဲ့ ထူးထူးခြားခြားပေါင်းစပ် အနုပညာ ပိုစ့်
တွင် မိန်းကလေး ၃ ဦးဖြင့် ကျားခေါင်းပုံ ဖန်တီးမှု အဆင့်ဆင့် ကို တင်ပြပေးဖူးပါတယ်။

ဆက်လက်ကြည့်လိုက်ကြပါအုံးဗျာ...



ဒါကတော့ အသီးအနှံပုံတွေပါ။ မှားပြီးဓါးဖြင့်ခွဲမိလျှင် ဒုက္ခနော်...





ကိုယ်ခန္ဓာပေါ်ဆေးရေးချယ်ခြင်းအတတ်နှင့် ပြင်ပ ပစ္စည်းများပေါင်းစပ်ဖွဲ့စည်းမှုတွေပါ။

ဒီပုံကတော့ ကိုယ်ပျောက်လူသားလို့ဆိုရမှာပါ။ Photoshop နည်းပညာဖြင့်ဖန်တီးထားခြင်း
လုံးဝမဟုတ်ပါ။ တစ်ခါက နေခရမ်းမှ ကိုယ်ပျောက်လူသားဆိုတဲ့ ခေါင်းစဉ်ဖြင့် ဒီလိုပုံလေးများ
ကိုတင်းပေးဖူးပါတယ်။ တစ်ချို့သူငယ်ချင်းများက Photoshop ဖြင့်လုပ်ထားတာပါဆိုပြီး
ငြင်းကြဖူးပါတယ်။ကျွန်တော် ပြန်ပြီး မငြင်းခဲ့ပါ။ အကြောင်းမှာ တစ်ချို့သော ပညာရှင်
များက ဒီလိုပုံမျိုးများကို နမူနာပြကာ Photoshopဖြင့်လုပ်၍ရကြောင်း ပိုစ့်များရေးကြဖူးပါ
တယ်။ လုပ်လည်းပြကြပါတယ်။ ဒါက နမူနာပြပြီး လုပ်ပြကြခြင်းပါ။ ထို့ကြောင့် ကျွန်တော်
ပြန်မငြင်းခြင်းဖြစ်ပါတယ်။ အခုလည်း ဒါမျိုး နှင့် ဒီထက်သေသပ်လှပသော ပုံမျိုးများရှိသော်လည်း
ထပ်မတင်ပေးတော့ပါဘူး။ ဒီအနုပညာရှင်၏ Website ကို ယခုရက်ပိုင်းအတွင်းမှ ကျွန်တော်
ရှာဖွေတွေ့ရှိထားပါတယ်။ ထိုနေရာတွင်သာ သွားပြီး ကြည့်ရှုပေးကြပါလို့ တောင်းဆိုရင်း...
Johannes Stoetter ၏ Website.... http://www.johannesstoetterart.com/
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .......... နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။