Friday, November 22, 2013

ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၇)



ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများအကြောင်းကို
တင်ပြပေးလာတာတော်တော်လေးစုံသလောက်ရှိပါပြီ။ ဒီတစ်ပတ်လည်း
ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုတင်ပြပေးချင်ပါတယ်။
ထူးခြားတာက ဒီတစ်ခါဖြစ်ပျက်ခဲ့တဲ့နေရာသည် ဆေးဆရာဝန်များ၏ ခွဲစိတ်ခန်း
အတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။
ဆိုဗီယက် (ယခုရုရှ)ဆေးရုံတစ်ရုံတွင် လူနာအား ခွဲစိတ်ကုသပေးနေစဉ်
ထိုလူနာ၏ ၀မ်းဗိုက်အတွင်းမှ ရုတ်တရက်မီးတောက်များထွက်ပေါ်လာတဲ့
အဖြစ်ပါ။ ဗလာဒီမာကူရီယာကင် ဆိုသူသည် ဆီးအိတ်အတွင်းကျောက်တည်
သည့်ရောဂါခံစားနေရပါတယ်။ ဒါကြောင့်သူ့ကိုခွဲစိတ်ကုသရန်စီစဉ်ကြပါတယ်။
ခွဲစိတ်ပေးသည့် ဆရာဝန်များမှာ ဒေါက်တာမိခေးလ်ရှီဗက် နှင့် လီယိုဘရပ်နီကော့
တို့ဖြစ်ပါတယ်။

ထိုသို့ဆရာဝန်နှစ်ဦး ကြီးကြပ်ခွဲစိတ်နေစဉ်မှာ ဗလာဒီမာ ၏၀မ်းဗိုက်အတွင်းမှ
မီးတောက်မီးလျှံများ ပန်းထွက်လာပါတယ်။ အနီးရှိ ဒေါတ်တာရှီဗက် မှာ
မီးဟပ်သဖြင့် အပူချိန်ပြင်းစွာခံလိုက်ရပါတယ်။ အနီးရှိ အခြားဆေးဝန်ထမ်းများက
ဒေါတ်တာရှီဗက် ကို ဆွဲခေါ်သွားကြပါတယ်။ ဒေါတ်တာရှီဗက်တစ်ယောက်က
တော့ မီးလောင်ဒဏ်ရာ ပြင်းစွာရရှိလိုက်ပါတယ်။ မီးထတောက်လောင်မှုဟာ
အချိန်ခဏ ပဲကြာလိုက်ပါတယ်။ ဒါပေမယ့်ခွဲစိတ်ခုံပေါ်က လူနာ ဗလာဒီဗာ
တစ်ယောက်တော့ ပြကျသွားပါတယ်။အခြားသူများဟာ လူနာအနီးမှ ၁၀ ပေ
လောက်အထိ ဆုတ်ခွာခဲ့ရပါတယ်။
ဒီအဖြစ်ဟာ လူနာဗလာဒီဗာကို ခွဲစိတ်ခုံပေါ်တင်ပြီး ၁ မိနစ်လောက်အကြာမှာ
ဖြစ်ပျက်ခဲ့တာပါ။ ကြုံတွေ့လိုက်ရသူများအဖို့ မယုံနိုင်စရာဖြစ်ခဲ့တဲ့ အဖြစ်တစ်ခုပါ။
ဒီအဖြစ်မှာ ထူးခြားတာက ဖြစ်ခဲ့တဲ့နေရာဟာ ခွဲစိတ်ခန်းအတွင်း ဆရာဝန်များ
ရှေ့တွင်ဖြစ်ပျက်ခဲ့ပြီး ၊ အနီးရှိ ခွဲစိတ်ပေးသူဆရာဝန်ကိုပင် မီးလောင်ဒဏ်ရာ
ရရှိစေခဲ့ပါတယ်။တခြားအဖြစ်များသည် လူသတ်မှု ၊ လုပ်ကြံမှု ဆိုလျှင်ပင်
ယခုဟာကတော့ ဆေးဆရာဝန်များကတော့ လူနာအားလုပ်ကြံစရာမရှိဟု
ထင်မှတ်မိပါတယ်။
နေခရမ်းမှ ခန္ဓာကိုယ်မှအလိုအလျောက်မီးထတောက်လောင်ကျွမ်းမှု များကို
တင်ပြလာတာ စုံသလောက်ရှိပါပြီ။ ခေတ်အဆက်ဆက်မှတ်တမ်းများအရ
အဖြစ်အပျက် ၂၀၀ ကျော် ၃၀၀ နီးပါးရှိပေမယ့် ထူးခြားမယ်ထင်တဲ့ အဖြစ်များ
ကိုရွေးချယ်တင်ပြခဲ့ပါတယ်။ဒါကြာင့်နောက်ထပ်အပိုင်းတစ်ခုမှာ ဒီအဖြစ်အပျက်
များ၏ ထူးခြားချက် ၊ လေ့လာသူများ၏ တွေ့ရှိထင်မြင်ချက်များကို ထပ်မံတင်ပြ
ပေးပါမယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……………….. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...