Tuesday, May 9, 2017

အလုပ် ထုတ်ပယ်ခံရ ပြီးနောက် ထင်ရှားကျော်ကြားတဲ့ ဘ၀ ပိုင်ဆိုင်ခဲ့သူများ

ထင်ရှား ကျော်ကြားသူတိုင်း အနည်းဆုံး အလုပ်ကနေ တစ်ကြိမ် ထုတ်ပယ်ခံခဲ့ ရဖူးတယ်လို့ အမေရိကန် ဖက်ရှင် မဂ္ဂဇင်း ဒယ်ဒီတာ အန်နာဝင်းတိုးက ဖွင့်ပာ ပြောဆိုခဲ့ဖူးပါတယ်။တကယ်တမ်းမှာလည်း ထင်ရှားတဲ့ ဘ၀ကို ရောက်လာဖို့ အနည်းဆုံး အလုပ်ကနေ တစ်ကြိမ်လောက် ထုတ်ပယ် ခံရတာချည်းပါပဲ။ ဆိုလိုတာက အောင်မြင်တဲ့ ဘ၀ကိုရယူနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရစမြဲ ဖြစ်တယ်ဆိုတာ သိရှိနိုင်ရေး ဖြစ်ပါတယ်။
               အလုပ်ကနေ ထုတ်ပယ် ခံရပေမယ့် လဲကျသွားခြင်း မရှိဘဲ ပြန်လည် ရုန်းထနိုင်ခြင်းကြောင့် အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိသူတွေဟာ နည်ပယ်မျိုးစုံမှာ ရှိနေပါတယ်။ သူတို့ တစ်တွေဟာ ထင်ရှားတဲ့ စီးပွာရေး လုပ်ငန်းရှင်တွေ၊ အနုပညာသမားတွေ၊ ဖက်ရှင်ရေးရာမှာ အောင်မြင်နေသူတွေ စသဖြင့် အစုံအလင် ဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အလုပ်ကနေ ထုတ်ပယ် ခံရပေမယ့် ထင်ရှား ကျော်ကြားသူအဖြစ် ရောက်ရှိလာသူတွေ အကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။


ဂျေကေရိုးလင်း
                 ပာယ်ရီပေါ်တာ ဖန်တီးရှင် ဂျေကေရိုးလင်းဟာ ကမ္ဘာကြီးကို လွှမ်းမိုးမှု အရှိဆုံးသူတွေထဲမှာ ပါဝင်နေပေမယ့် အောင်မြင်မှုကို အမြဲတမ်းရ ယူနိုင်ခဲ့တာ မပာုတ်ပါဘူး။ လက်ရှိအချိန်မှာ အသက် ( ၄၉) နှစ် ရှိပြီဖြစ်တဲ့  ဂျေကေရိုးလင်းဟာ အလုပ်ကနေ ထုတ်ပယ်ခံရ ပြီးနောက် ပာယ်ရီပေါ်တာ စာအုပ်ကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
                ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းမှု၊ အလုပ်အကိုင် မရှိမှုစတဲ့ ပြဿနာတွေကြားက ပာယ်ရီပေါ်တာ စာအုပ်ကို ၁၉၉၅ မှာ လက်နှိပ်စက် အဟောင်းနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
စာအုပ် ရေးသားပြီးနောက်မှာလည်း စာအုပ်တိုက်ပေါင်း ( ၁၂) တိုက်အထိ လိုက်လံပြပေမယ့် ၀ယ်ယူမယ့်သူ မရှိခဲ့ပါဘူး။ ဘ၀ကိုခက်ခဲစွာ စတင်ခဲ့တဲ့ ဂျေကေရိုးလင်းဟာ  ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေကို ရေးသား ထုတ်ဝေခဲ့ရာ အုပ်ရေသန်း (၄၀၀) ကျော် ရောင်းချခဲ့ရပြီး စံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘ၀တစ်လျှောက်လုံး ရုန်းကန် နေရမှုများက ဂျေကေရိုးလင်း အတွက် အောင်မြင်ဖို့ သော့ချက် ဖြစ်ခဲ့ပါတယ်။
              ဂျေကေရိုးလင်းက ကျဆုံးမှုဟာ မလိုလားအပ်သော အရာတွေကို အဝေးကို စွန့်ပစ်လိုက်ခြင်း ဖြစ်ပြီး အလွန်ရိုးစင်းကြောင်း၊ မိမိအနေဖြင့် အလုပ်အတွက် အာရုံစိုက်ခဲ့ပြီး ခွန်အားသစ်တွေ ဖြစ်လာအောင် အမြဲတမ်း ကြံဆခဲ့ကြောင်း ဟြေကြားခဲ့ပါတယ်။
            ဂျေကေရိုးလင်းဟာ အလုပ်မရှိတဲ့ ဘ၀ကနေ အချမ်းသာဆုံးသူ ဖြစ်လာခဲ့ပြီး လက်ရှိ ပိုင်ဆိုင်မှုက ပေါင်သန်း ( ၅၆၀) ကျော် ရှိနေပြီ ဖြစ်တာကြောင့် ဗြိတိန်ရဲ့ အချမ်းသာဆုံး စာရင်းမှာ ထည့်သွင်း ခံခဲ့ရပါတယ်။


မိုက်ကယ် ဘလွန်းဘတ်
              ၁၉၈၁ ၀န်းကျင်မှာ ဘလွန်းဘတ်ဟာ နယူးယောက် စတော့ဈေးကွက်မှာ အလွန် ထင်ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဘလွန်းဘတ်ဟာ အောင်မြင်မှုမရခင်မှာ အလုပ်ကနေ ထုတ်ပယ် ခံရပါတယ်။ ဆော်လမွန် ဘရာသား ကုမ္ပဏီက ဘလွန်းဘတ်ကို ထုတ်ပယ်ခဲ့တာပါ။ ဒီနောက် ဘလွန်းဘတ်ဟာ ဒေါ်လာ (၁၀) သန်းကို အသုံးပြုပြီး ဘဏ်တွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်ပေးတဲ့ ဈေးကွက်ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီနောက် ဘလွန်းဘတ် မီဒီယာ လုပ်ငန်းစုကို တည်ထောင်ခဲ့ပါတယ်။
              လက်ရှိအချိန်မှာ ဘလွန်းဘတ် သတင်းဌာနဟာ ငွေကြေးနဲ့ ပတ်သက်တဲ့ စီးပွားရေး သတင်းတွေကို ဖော်ပြနေပြီး ထင်ရှားတဲ့ မီဒီယာ တစ်ခုအဖြစ် ရောက်ရှိနေပါတယ်။ ဘလွန်းဘတ် အနေနဲ့ အလုပ်ကနေ မထုတ်ခံရရင် ဒီအခြေအနေမျိုးကို ဖန်တီးနိုင်မှာ မပာုတ်ပါဘူး။ ဘလွန်းဘတ်ရဲ့ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ (၃၇) ဘီလီယံ အထိရှိပြီး အမေရိကန် ပြည်ထောင်စုရဲ့ ကိုယ့်ဒူးကိုယ်ချွန် ချမ်းသာလာတဲ့ ထိပ်တန်း (၁၀) ဦးစာရင်းမှာ ထည့်သွင်းခံရပါတယ်။
              ဘလွန်းဘတ်ဟာ နယူးယောက် မြို့တော်ဝန် အဖြစ် သုံးကြိမ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပြီး လူမှုရေး လုပ်ငန်းမှာ ဒေါ်လာသုံးဘီလီယံ အထိ လှူဒါန်းထားပါတယ်။ ဘလွန်းဘတ်က မိမိကို အလုပ်လုပ်ဖို့ ဘယ်သူမှ ကမ်းလှမ်းခဲ့ခြင်း မရှိကြောင်း၊ မိမိအနေဖြင့် အလုပ်တစ်ခု လုပ်ရန် ကြိုးစားခဲ့ကြောင်း၊ အလုပ်မှ ထုတ်ပယ်ခံရပါက မိမိကဲ့သို့ပင် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။


စတိဗ်ဂျော့စ်
                 အက်ပဲလ် တည်ထောင်သူ စတိဗ်ဂျော့စ်ဟာ အလုပ်ကနေ ထုတ်ပယ်ခံရပြီးမှ ထင်ရှားသူ ဖြစ်လာတာပါ။ အက်ပဲလ်ကို ၁၉၈၅ မှာ စတင် တည်ထောင်ခဲ့ပေမယ့် အဲဒီတုန်းက အမှုဆောင်ချုပ်ဖြစ်တဲ့ ဂျွန်စကူလေးနဲ့ ပြဿနာ တက်ခဲ့ပါတယ်။ ကွန်ပျူတာ ရောင်းချရာမှာ ဈေးနူန်း သတ်မှတ်မှုကြောင့် သဘောထား ကွဲလွဲခဲ့တာမို့ စတိဗ်ဂျော့စ်ဟာ အလုပ်ကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။
              ဒါဟာ စတိဗ်ဂျော့စ်ကို အောင်မြင်စေဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် စတိဗ်ဂျော့စ်ဟာ နဂိုကထက် ပိုမိုကြိုးစားခဲ့ပါတယ်။ ယနေ့ အကျော်ကြားဆုံး ထုတ်ကုန်တွေ ဖြစ်တဲ့ i-Devices တွေကို စတိဗ်ဂျော့စ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ipod/ ipad/ iphone စတဲ့ ပစ္စည်းတွေဟာ စတိဗ်ဂျော့စ်ရဲ့ စိတ်ကူးကြောင့် ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ စတိဗ်ဂျော့စ်ဟာ အလုပ်ကနေ ထုတ်ပယ်ခြင်း မခံရရင် ဒီလိုမျိုးတွေ လုပ်နိုင်ချင်မှ လုပ်နိုင်မှာ ဖြစ်တယ်လို့  သုံးသပ်သူတွေ ရှိခဲ့ပါတယ်။
             စတိဗ်ဂျော့စ်ဟာ ၁၉၉၇ မှာ အက်ပဲလ် အမှုဆောင်ချုပ် အဖြစ် ပြန်လည် ခန့်အပ်ခံရပြီး နည်းပညာ လောကမှာ ဘယ်သူမှ လိုက်မမီနိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၅ က စတမ်းဖို့ဒ် တက္ကသိုလ်မှာ စတိဗ်ဂျော့စ် ပြောခဲ့တဲ့ စကားကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အဲဒါက အက်ပဲလ်က အလုပ် ထုတ်ခဲ့ခြင်းကြောင့် အကောင်းဆုံး အရာတွေ ဖြစ်လာခဲ့ကြောင်း ဆိုခဲ့တာပါ။
              စတိဗ်ဂျော့စ်က  အောင်မြင်ဖို့ အတွက် အသစ်ကနေ ပြန်စရကြောင်း၊ ဘာပဲလုပ်လုပ် ယင်းအခြေအနေကို ကြုံတွေရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် အကောင်းဆုံး အရာတွေကို ဖန်တီးရာမှာ အကြိမ်ကြိမ် ပြန်စခဲ့ရကြောင်း ဟြေကြားခဲ့ပါတယ်။ စတိဗ်ဂျော့စ်ဟာ ၂၀၁၁ အောက်တိုဘာ၊ အသက် (၅၆) နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး မကွယ်လွန်မီ ရက်သတ္တပတ်တွေ အထိ အက်ပဲလ်အတွက် အကောင်းဆုံး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။


အော်ပရာ ၀င်းဖရေး
              အော်ပရာ ၀င်းဖရေးဟာ  သြဇာအာဏာ အရှိဆုံး အမျိုးသမီးတွေထဲမှာ  တစ်ဦး အပါအ၀င် ဖြစ်ပါတယ်။ ကိုယ်ပိုင် တီဗွီနက်ဝက်ဘ် တည်ထောင်ပြီး ချမ်းသာကြွယ်ဝလာသူ ဖြစ်ပြီး ဖော့ဘိတ်စ် မဂ္ဂဇင်းရဲ့ အဆိုအရ ချမ်းသာ ကြွယ်ဝမှုက ဒေါ်လာ သုံးဘီလီယံခန့် အထိ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသက် (၂၀) ကျော် ကာလတွေမှာတော့ အော်ပရာ ၀င်းဖရေးဟာ ရုန်းကန်ခဲ့ရပြီး ရုပ်သံ သတင်းထောက် အဖြစ် ဆောင်ရွက်ခဲ့ရာမှာ အလုပ်ကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။ အော်ပရာ ၀င်ဖရေးဟာ ထင်ရှားတဲ့ အစီအစဉ် တင်ဆက်သူ ဖြစ်ပေမယ့် ရုပ်သံ သတင်းထောက် အဖြစ် ဆောင်ရွက်ခဲ့တဲ့ ကာလတွေမှာ အလုပ်ကို အကောင်းဆုံး မစွမ်းဆောင်နိုင်ဘူးလို့ ယူဆခံရတာကြောင့် ရှစ်လအကြာမှာ ထုတ်ပယ် ခံလိုက်ရပါတယ်။
                 အသက် (၆၁) နှစ်ရှိနေပြီဖြစ်တဲ့ အော်ပရာ ၀င်းဖရေးဟာ အမေရိကန် ပြည်ထောင်စုရဲ့ daytime talk show မှာ လူကြိုက်များအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
            ဒါဟာ အရင် အလုပ်တွေမှာ ကျဆုံးမှုတွေကို အတွေ့အကြုံ ယူခဲ့တာကြောင့် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အော်ပရာ ၀င်းဖရေး ရုပ်သံ အစီအစဉ်တွေဟာ ပရိသတ် အကြိုက်ဆုံး အဖြစ် သတ်မှတ်ခံထားရပြီး ကိုယ်ပိုင်ချန်နယ် ထူထောင်ထားခြင်းကြောင့် ၀င်ငွေများစွာ ရရှိနေပြီ ဖြစ်ပါတယ်။


အန်နာဝင်းတိုး
               ဖက်ရှင် လောကမှာတော့ အန်နာဝင်းတိုးဟာ အထင်ရှားဆုံး အဖြစ် သတ်မှတ် ခံထားရပါတယ်။ အကျော်ကြားဆုံး၊ ဂုဏ်သိက္ခာအရှိဆုံး မဂ္ဂဇင်း ဖြစ်တဲ့ Vouge မှာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ Vouge မဂ္ဂဇင်းဟာ ဖက်ရှင် လောကသားတိုင်း လက်ကိုင် ပြုထားရတဲ့ အထိ ကျော်ကြားခဲ့တာ ဖြစ်ပြီး ဒီလိုဖြစ်အောင် အန်နာဝင်းတိုးက ပဲ့ကိုင်ခဲ့တာ ဖြစ်ပါတယ်။
               ဒါပေမဲ့ အန်နာဝင်းတိုးဟာ အခြားဖက်ရှင် မဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ရာမှာ ကိုးလသာကြာမြင့်ပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ယနေ့အချိန်မှာ အသက် (၆၅) နှစ်ရှိပြီ ဖြစ်တဲ့ အန်နာဝင်းတိုးဟာ အလုပ် ထုတ်ပယ်ခံရခြင်းကို ခွန်အားအဖြစ် သတ်မှတ်ပြီး အောင်မြင်အောင် ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်မှု လမ်းကြောင်းကို ပြန်ရောက်ဖို့ အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီး ၁၉၈၈ မှာVouge မဂ္ဂဇင်း အယ်ဒီတာချုပ် တာဝန်ကို ရယူနိုင်ခဲ့ပါတယ်။ ဒီနောက် Vouge ဟာ ဖက်ရှင်လောကမှာ အအောင်မြင်ဆုံး မဂ္ဂဇင်း ဖြစ်လာခဲ့ပါတယ်။ တွေ့ဆုံ မေးမြန်းခန်းမှာ အန်နာဝင်းတိုးက အခုလို ပြောခဲ့ဖူးပါတယ်။
               ““ကျွန်မအထင် လူတိုင်းဟာ အနည်းဆုံး တစ်ကြိမ်တော့ အလုပ်ကနေ ထုတ်ပယ် ခံခဲ့ရဖူးပါတယ်။ ဒါကိုခွန်အားအဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ စွဲထင်စွာ မှတ်ယူပြီး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ အလုပ်ကနေ ထုတ်ပယ်ခံရခြင်းကြောင့် ကောင်းမွန်တဲ့ အရာတစ်ခုကို တွေးမိမှာ ဖြစ်ပါတယ်။ ဘ၀ရဲ့ ပြီးပြည့်စုံမှုတွေဟာ ထွက်သွားလေ့ မရှိတာကြောင့် ကိုယ့်ရဲ့ စိတ်ထဲမှာ ပြန်လည် စတင်နိုင်ဖို့ကိုပဲ တွေးတောရမှာ ဖြစ်ပါတယ်”” လို့ အန်နာဝင်းတိုးက ဆိုခဲ့တာပါ။
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...