Tuesday, May 9, 2017

အသက် (၅၀)ရှိသွားပေမယ့် နုပျိုလန်းဆန်းနေတဲ့ ဟောင်ကောင်မော်ဒယ်


ဟောင်ကောင်ရဲ့ အကျော်ကြားဆုံး မော်ဒယ်တစ်ဦး ဖြစ်တဲ့ ကန်ဒီလိုဟာ ဓာတ်ပုံစာအုပ် တစ်အုပ်ကို မိတ်ဆက်ပြသ ရောင်းချခဲ့ရာမှာ သူ့ရဲ့နုပျိုမှုကို သိခွင့်ရခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
      ဒီစာအုပ်ကို Timeless လို့ အမည်ပေးထားပြီး အမည်နဲ့လိုက်အောင် ကန်ဒီလိုရဲ့ အလှအပတွေကို မြင်တွေ့ ခံစားရမှာ ဖြစ်ပါတယ်။ ကန်ဒီလိုဟာ အသက် (၅၀) နှစ်ရှိနေပြီး ကလေးသုံးဦး ရှိပါတယ်။ စာအုပ် ထဲမှာတော့ ကန်ဒီလိုဟာ နတ်သမီးလို လှပနေပြီး သေးသွယ်တဲ့ ခန္ဓာကိုယ်၊ လှပတဲ့ မျက်နှာ၊ စမတ်ကျတဲ့ ၀တ်စားဆင်ယင်မှု တို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကန်ဒီလိုဟာ စာအုပ်ထဲမှာပါတဲ့ ဓာတ်ပုံတွေကို တွစ်တာမှတစ်ဆင့် ပြန်လည်ဖော်ပြရာမှာ အားလုံးရဲ့ ချီးကျူးခံခဲ့ရပါတယ်။
      ကန်ဒီလိုဟာ ဘီကီနီကို ၀တ်ဆင်ပြီး နှစ်ပေါင်းများစွာ ကတည်းက ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကန်ဒီလိုဟာ မိတ်ကက်ကို အကောင်းဆုံး ပြုပြင်နိုင်သူ ဖြစ်ပြီး အသက်အရွယ် ကြီးရင့်မှုကို ဖုံးကွယ် နိုင်ခဲ့ပါတယ်။ လှပတဲ့ ဆံပင်ကလည်း အသက်အရွယ် ကြီးသွားပြီလို့ ထင်မှတ်ကြမှာ မဟုတ်ပါဘူး။ ကန်ဒီလီဟာ ဒီဓာတ်ပုံတွေကို တောင်ကိုရီးယားနိုင်ငံမှာ သွားရိုက်တာ ဖြစ်ပြီး၊ ဖိနပ်အရံ(၈၀)၊ အ၀တ်အစား သေတ္တာ ( ၁၅)အိတ်အပြင် သားဖြစ်သူရဲ့ အိတ်ထဲမှာလည်း အ၀တ်အစားတွေ ထည့်ခဲ့သေးတယ်လို့ သိရပါတယ်။
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...