Friday, May 12, 2017

ကြည့်မှန်များဖြင့် အလှဆင်ထားသော အဆောက်အဦ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ဗဟိုပန်းခြံအတွင်းရှိ အဆောက်အဦတစ်ခုကို ကြည့်မှန်များကို တပ်ဆင်ထားသည်မှာ လှပအံ့သြဖွယ် ဖြစ်စေပါသည်။ ကြည့်မှန်များကို အဆောက်အဦ ပတ်ချာလည်မှ  ပုံရိပ်များကို အချိုးဖျက်ကာ ဖြစ်ပေါ်စေမည့် ကြည့်မှန်စနစ်တစ်မျိုးဖြင့် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ထိုပန်းခြံသို့ မူလတန်းကလေးများ နှင့် လူငယ်လူရွယ်များ အပန်းဖြေလာရောက် တတ်ကြပြီး ထိုကလေးငယ်များမှ အဆောက်အဦးနံရံများတွင် အရုပ်များ ၊ စာတန်းများ ၊ ဂရပ်ဖစ်တီ ပုံကြီးများ ရေးဆွဲသွားမည်ကို စိုးရိမ်သဖြင့် ထိုကဲ့သို့ တစ်မူဆန်းသစ်သည့် ကြည့်မှန်များကို တပ်ဆင်ပေးထားခြင်း ဖြစ်ပါသည်။ အာဏာပိုင်များက MLRPကုမ္ပဏီအား တာဝန်ပေးခဲ့ရာတွင် ထိုကဲ့သို့ ကြည့်မှန်များ တပ်ဆင်သည့်စနစ်အား တီထွင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအဆောက်အဦကို Mirror House ဟု ခေါ်ဝေါ်ကြပါသည်။





သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...