Tuesday, May 9, 2017

သဘာဝကျောက်တိုင်များနှင့် လွင်ပြင်ကြီး

Australia နိုင်ငံသည် သဘာဝ အလှအပများ ၊ လှပသော ကမ်းခြေများနှင့်အတူ သဘာဝအတိုင်း ဖြစ်တည်နေသော ထူးခြားသော အကြောင်းအရာများ အများအပြား ရှိရာနိုင်ငံကြီးပါ။ ယခု လွင်ပြင်ကြီးတစ်လျောက် သဘာဝအတိုင်း ထိုးထိုးထောင်ထောင်နှင့် ကျောက်တုံးတိုင်များ ပြန့်ကျဲတည်ရှိနေသော နေရာသည် Australia နိုင်ငံ၏ အနောက်ဘက်အစွန်းပိုင်း ပင်လယ်ကမ်းခြေ အနီးတွင် တည်ရှိပါသည်။

ထိုနေရာကို Nambung အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားပါသည်။ အကျယ်အ၀န်းအားဖြင့် 192.68 km2 (74.4 စတုရန်းမိုင်)အထိ ရှိပြီး သဘာဝအတိုင်း မြေပြင်မှ ထိုးထွက်နေသောပုံစံ ကျောက်တိုင် ၊ ကျောက်စွန်းများ အများအပြား တည်ရှိနေပါသည်။

အနိမ့် အမြင့် ပုံစံ အမျိုးမျိုး တည်ရှိနေပြီး တစ်ချို့ကျောက်တိုင်များသည် ၅ မီတာ အထိ အမြင့်ရှိပါသည်။
ထုံးကျောက်တိုင်များ ဖြစ်ကြပြီး လွန်ခဲ့သော နှစ်များစွာကတည်းက ဖြစ်ပေါ်တည်ရှိနေခြင်း ဖြစ်ပါသည်။ ပင်လယ်ရေ လျော့နည်းမှုကြောင့် ရေနေအခွံမာသတ္တ၀ါလေးများ စုပုံသေဆုံးပြီး ထုံးကျောက်တုံးများဖြင့် ပေါင်းစပ်ကာ ဖြစ်တည်လာကြခြင်း ဖြစ်ပါသည်။


ကန္တာရ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသော်လည်း ထိုကဲ့သို့ ထိုးထိုးထောင်ထောင် ထွက်ပေါ်နေသော ကျောက်တိုင် ၊ ကျောက်စွန်းများကြောင့် ခရီးသွားဧည့်သည်များ လာရောက်ရာ နေရာ တစ်ခုဖြစ်နေပါသည်။ 











သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...