Friday, May 12, 2017

အနက်ဆုံး ရေကူးကန်အောက်မှ စားသောက်ခန်း

အစားအသောက်ကို တစ်မူထူးပြီး စားသုံးလိုသူများအတွက် ကမ္ဘာ့အနက်ဆုံး ရေကူးကန်တစ်ခု ဖြစ်သည့် NEMO 33 ရေကူးကန်ကြီးအောက်တွင် စားသုံးနိုင်ကြပါသည်။

ဘယ်ဂျီယန်နိုင်ငံ ၊ ဘရပ်ဆဲမြို့တွင် တည်ရှိပြီး တစ်ချိန်က ကမ္ဘာ့အနက်ဆုံး ရေကူးကန်တစ်ခု ဖြစ်ခဲ့သည့် NEMO 33 ရေကူးကန်ကြီး၏ ရေအနက် ၅ မီတာတွင် ထိုစားသောက်ခန်းလေးကို ထည့်သွင်းတည်ဆောက်ထားပါသည်။ 

NEMO 33 ရေကူးကန်ကြီးသည် စုစုပေါင်း အနက် ၃၄.၅ မီတာ ( ၁၁၃ ပေ) ရှိပြီး  ရေ ၂.၇ မီလီယံလီတာ ခန့်ထည့်သွင်းထားပါသည်။ တစ်ချိန်က ကမ္ဘာအနက်ဆုံးရေကူးကန် အဖြစ်စံချိန်တင်ခဲ့ပြီး ယခုအခါ သူ့ထက်ပိုနက်သည့် Y – 40 ရေကူးကန်ကြီးကြောင့် ဒုတိယ အနက်ဆုံး ရေကူးကန်ကြီး ဖြစ်သွားပါသည်။


ရေကူးကန်ကြီးအတွင်း အပူချိန်ကို 30ံC တွင် တည်ရှိနေရန် ထိန်းသိမ်းပေးထားပြီး ရေအောက်၌ အပြင်ဘက်သို့ မြင်နိုင်ရန် မှန်ပြတင်းပေါက်များကို တပ်ဆင်ပေးထားပါသည်။ ထို့ကြောင့် ရေမကူးပဲ ပြင်ပမှာ နေသူများလည်း ရေကူးကန်ကြီးအတွင်းကို ကြည့်နိုင်မည် ဖြစ်ပါသည်။

ထိုရေကူးကန်ကြီး၏ ၅ မီတာ အနက်နေရာတွင် ရေမ၀င်စေရန် အထူးပြုလုပ်ထားသော စားသောက်ခန်းကို ထပ်မံထည့်သွင်းပေးထားပါသည်။ သွားရောက်စားသောက်လိုသူများ အနေဖြင့် ရေငုပ်သွားရမည် ဖြစ်ကာ တစ်မူထူးသော အခြေအနေတစ်ရပ်ဖြင့် စားသောက်ပွဲကို ကျင်းပနိုင်မည် ဖြစ်ပါသည်။







သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...