Monday, April 17, 2017

သက်တမ်း အနှစ် ၃၀၀၀ခန့်ရှိတဲ့ ဖာရိုဘုရင်တစ်ပါးရဲ့ရုပ်တု တူးဖော်ရရှိ

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ အီဂျစ်နဲ့ ဂျာမန် သုတေသနအဖွဲ့တစ်ဖွဲ့ဟာ အံသြဖွယ် ရှာဖွေတွေ့ရှိမှု တစ်ခုကို တွေ့ခဲ့ကြပါတယ်။ ဒါကတော့ နှစ်ပေါင်း ၃၀၀၀ ခန့်ရှိပြီဖြစ်တဲ့ ဖာရိုဘုရင် Ramses II ရဲ့ ရုပ်တုပဲဖြစ်ပါတယ်။ ကိုင်ရိုမြို့အနီး နေမြို့တော်လို့ခေါ်ကြတဲ့ Heliopolis မြို့ဟောင်းက Matariya လို့ခေါ်တဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုကနေ တူးဖော်ရရှိခဲ့တာဖြစ်စ်ပါတယ်။ ရုပ်တုရဲ့အမြင့်မှာ ၈မီတာ(၂၆.၂ပေ) ခန့် ရှိပြီး သလင်းကျောက်နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Ramesses II ဟာ ဘီစီ ၁၂၀၀ ၀န်းကျင်ခန့်က အလွန်ကျော်ကြားတဲ့ ဖာရိုဘုရင်တစ်ပါးဖြစ်ပြီး Ramesses the Great လို့ လူသိများပါတယ်။ ၁၉ဆက်ရှိတဲ့ အီဂျစ်မင်းဆက်ထဲက တတိယမြောက်ဖာရိုဘုရင်ဖြစ်ပြီး စွမ်းအားပြည့်ဝတဲ့ အီဂျစ်အင်ပါယာကို တည်ထောင်နိုင်ခဲ့ပြီး ဆီရီးယားမှ မြောက်ဆူဒန်အထိ သိမ်းပိုက်နိုင်ခဲ့တဲ့ ဘုရင်လည်းဖြစ်ပါတယ်။ Ramses II  ဟာ အသက် ၆၇နှစ်မှာ ထီးနန်းစွန့်ပြီးတဲ့နောက် သူယုံကြည်ရာ ဘုရားကျောင်းတွေကိုတည်ဆောက်ရင်း သူ့ရဲ့ရုပ်တုကိုပါ ထည့်သွင်းတည်ဆောက်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။
အီဂျစ်တို့ရဲ့အလေးအမြတ်ထားရာ Heliopolis မြို့ဟောင်းက နေဘုရားကျောင်းအနီးမှာ Ramses II ရဲ့ ရုပ်တုအပြင် လူအရွယ်အစားရှိတဲ့ ရုပ်တုတစ်ခုကိုလည်း တူးဖော်တွေ့ရှိခဲ့ရပါတယ်။ ဒီရုပ်တုကတော့ Ramses II ရဲ့ မြေး၊ ဖာရိုဘုရင်  Seti II ရဲ့ ရုပ်တုပဲ ဖြစ်ပါတယ်။ နေဘုရားကျောင်းကို Ramses II က တည်ဆောက်စေခဲ့တာဖြစ်ပြီး အီဂျစ်ရဲ့ အကြီးဆုံးဘုရားကျောင်းလည်းဖြစ်ပါတယ်။

ဒီရှာဖွေတွေ့ရှိမှုကြောင့် ၂၀၁၁ခုနှစ်လောက်တည်းက နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး ကျဆင်းသွားတဲ့ အီဂျစ်ခရီးသွားလုပ်ငန်းဟာ ပြန်လည် ဦးမော့လာနိုင်ပါတယ်။



www.ayesay.com.mm

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...