
အင်္ဂလန်နိုင်ငံ တန်းဘရစ်ခ်ျအရပ်မှ ခင်ပွန်းသည် ကွယ်လွန်ပြီး အမျိုးသမီးကြီးတစ်ဦးသည် ခင်ပွန်းသည်၏ အံဆွဲကို ရှင်းရာမှ ၁၈ရာစုနှစ်က စပိန်ရွှေဒင်္ဂါးတစ်ပြားတွေ့ရှိပြီး လေလံတင်ရောင်းချရာ ဒီဇင်ဘာ၆ရက်နေ့ လေလံပွဲ၌ ၎င်းရွှေဒင်္ဂါးမှာ ပေါင်သုံးသိန်းနှင့် ရောင်းချနိုင်ခဲ့သည်။
သတင်းများ၏ အဆိုအရ ထိုရှားပါးလှသော ရွှေဒင်္ဂါးမှာ စပိန်ဘုရင်မ အန်းဗီဂိုပိုင်ဆိုင်ပြီး ၁၇၀၂ခုနှစ်က စပိန်ရတနာ သင်္ဘောအားဗြိတိန်တို့ သိမ်းပိုက်သည့်အထဲတွင် ပါဝင်ခဲ့သည်။ ထိုကဲ့သို့ရွှေဒင်္ဂါးအပြား ၂၀သာသွန်းလုပ်ခဲ့ပြီး တစ်ပြား၏အလေးချိန်မှာ ခုနစ်ပေါင်ခွဲခန့်ရှိကာ အလွန်ရှားပါးတန်ဖိုးရှိလှသော ရှေးဟောင်းရတနာများဖြစ်ကြောင်း ဒေးလီးမေး သတင်းစာက ဖော်ပြခဲ့သည်။
ref: ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။