
တရုတ်နိုင်ငံရှိ ထင်ရှားကျော်ကြားသော ကွန်ဖူးဓားသိုင်းသမား ၀တ္ထုများတွင် ပါဝင်လေ့ရှိသည့် ဟွာရှန်းတောင်တန်းသည် ဘီစီ ၂၀၆ခုနှစ်ကတည်းက တရုတ်နိုင်ငံအနောက်ဘက်ခြမ်းရှိ ဟန်မင်းဆက်ဘုရင်များ အထွတ်အမြတ်ထားရာ စီရွေးဘုရားကျောင်း တည်ရှိပြီး တရုတ်ပြည်သူများ အတွက်လည်း ယနေ့ထိ ကမ္ဘာပေါ်တွင် လူအများသွားလာလေ့ရှိသည့် ဘာသာရေးဆိုင်ရာ နေရာများ၏ အန္တရာယ်အကြီးမားဆုံး ခရီးတစ်ခုဖြစ်လာပြီဖြစ်သည်။
ဟွာရှန်းတောင်ထိပ်ပေါ်တွင် ၅ဒသမ၈ဧက ကျယ်ဝန်းသော ရှေးဟောင်း တရုတ်ရိုးရာ ဗိသုကာလက်ရာများနှင့် စီရွေးဘုရားကျောင်း တည်ရှိပြီး တောင်ပေါ်တွင် သက်တမ်းရာစုနှစ်နှင့်ချီပြီဖြစ်သော သစ်ပင်ကြီးများလည်းရှိကာ ဘုရားဖူးတရုတ်လူမျိုးတို့နှင့် ကမ္ဘာ လှည့်ခရီးသည်တို့ တစ်နှစ်ပတ်လုံးသွား လာလျက်ရှိသော်လည်း တောင်တန်း၏ မြောက်ဘက်ခြမ်းခရီးစဉ်မှာ မတ်စောက်လှသဖြင့် အန္တရာယ်ကြီးမားသော တောင်တက် ခရီးလမ်းပင်ဖြစ်သည်။ ဟွာရှန်းတောင်မှာ ရှန်ဆီးခရိုင်ရှိ ဟွရင်မြို့အနီးတည်ရှိကာ ဒေသခံများက ဆီရွေး တောင်ဟုလည်းခေါ်ဆိုပြီး တောင်တန်း၏ အမြင့်ဆုံးတောင်ထွတ်မှာ ၇၀၇၀ပေမြင့်၍ တရုတ်နိုင်ငံ၏ ထင်ရှားလှသော ဘာသာရေးဆိုင်ရာ အထွတ်အမြတ်နေရာလည်းဖြစ်သည်။
ref: ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။