Tuesday, December 18, 2012

မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူ


ဟိုးအရင်က ရခိုင်ရိုးမမှာ အိန္ဒိယကျားဖြူတွေ ကျက်စားပါတယ်။ သို့ပေမယ့် ယနေ့ခေတ် ပြန်လည်စစ်တမ်းကောက်ယူမှုအရတော့ မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူး။ အိန္ဒိယမှာပဲ ပိုမိုအတွေ့များတဲ့အတွက် အိန္ဒိယကျားဖြူ လို့ခေါ်ပါတယ်။ ၂၀၁၀ ခုနှစ် စစ်တမ်းအရ အိန္ဒိယမှာ ၁၆၀၀ မှ ၁၉၀၀ ကြား၊ ဘင်္ဂလားဒေ့ရှ်မှာ ၄၄၀၊ နီပေါမှာ ၂၂၉၊ ဘူတန်မှာ ၈၈ ဖြစ်ပြီး မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူ။ သူ့ကို ဘင်္ဂလားကျားလို့လည်း ခေါ်ပါတယ်။ ဘင်္ဂလားကျားခေါင်းစဉ်အောက်မှာ အခြားအရောင်များလည်း ရှိပေမယ့် အဖြူရောင်ကတော့ ရှားပါးပဲ ဖြစ်ပါတယ်။
အထီးဟာ အရှည်အားဖြင့် ၁၁၀ မှ ၁၂၀ လက်မ၊ အမ ၉၄ မှ ၁၀၄ လက်မ ရှိပါတယ်။ ပေါင်ချိန်ကတော့ အထီးက ၄၄၈ ပေါင်၊ အမ ၃၀၈ ပေါင် လောက်ထိ ၀ိတ် ရှိပါတယ်။ အဖြူရောင် ဆိုပေမယ့် အနက်ရောင် အဆင်းများလည်း ပါရှိပါတယ်။ ယနေ့မှာဆိုရင် အရေအတွက် ၁၂၀၀ ကျော်ဝန်းကျင်တောင် ကျန်ရှိဖို့ မသေချာတော့တဲ့ ကျား ဖြစ်ပါတယ်။ နောင် နှစ်အနည်းငယ်အတွင်း မျိုးသုန်းတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ကျားဖြူနဲ့ ဘင်္ဂလားကျားမျိုးများကို ရှားပါးအဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာကလည်း ရှားပါးတိရစ္ဆာန်စာရင်းထဲ ထည့်သွင်းထားပါတယ်။ မျိုးပွားဖို့ ကြိုးစားပေမယ့် ကျားဖြူများရဲ့အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာကြောင်း သိရပါတယ်။ Ref: wiki
 International news for myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...