
တိုကျို ဒီဇင်ဘာ ၁၈
အမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး
အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ
ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ်
အမျိုးသားကြီးသည် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။
မစ္စတာ ကီမူရာသည် ၁၈၉၇ ခုနှစ် ဧပြီ ၁၉
ရက်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန် ခဲ့သော ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးထက်
၁၅ ရက်သာ ငယ်ကြောင်း သိရသည်။ ဒီနာမန်ဖရီဒီနီ အမည်ရှိ အဆိုပါ အမျိုးသမီးသည်
အမေရိကန် ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်၌ သေဆုံး ခဲ့ကြောင်း သိရသည်။
ကီမူရာသည် စာပို့လုလင်ဟောင်း
တစ်ဦးဖြစ်ပြီး ၎င်းတွင် မြေး ၁၄ ယောက်၊ မြစ် ၂၅ ယောက် နှင့် တီ ၁၃ ယောက်
ရှိပြီး ၎င်း၏သားဖြစ်သူ မိသားစုနှင့်အတူ နေထိုင်ကြောင်း သိရသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။