Saturday, December 22, 2012

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အသက် ရှင်ခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာ သိပံ္ပပညာ ရှင်များ ပြန်လည်ပုံဖော်

လီမာ ဒီဇင်ဘာ ၁၆
ယူတာဗယ်လီ တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် ပီရူး နိုင်ငံအား လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အုပ်စိုးခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာအား  ပြန်လည် ပုံဖော်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြခဲ့သည်။
သုတေသန ပညာရှင် များသည် အဆိုပါ မျက်နှာ ပြန်လည် ပုံဖော်မှုအား ပီရူး နိုင်ငံ လမ္ဘရီကြီး မြို့ရှိ ဘရန်နင်း ပြတိုက်၌ လက်တွေ့ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပုရောဟိတ် အမျိုးသမီးသည် အေဒီ ၁၂ဝဝ ဝန်းကျင်ခန့်က ပီရူး နိုင်ငံ၌ သြဇာ အရှိဆုံး အမျိုးသမီး တစ်ဦး ဖြစ်ခဲ့ဖွယ် ရှိကြောင်း၊ ဘာသာရေးနှင့် နိုင်ငံရေး တွင်လည်း အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ဖွယ် ရှိကြောင်း သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ဟအဂန် ကလပ်စ်က ပြောကြားခဲ့ သည်။

၎င်းယဇ်ပုရောဟိတ် အမျိုးသမီး၏ ရုပ်ကြွင်းများအား လမ္ဘရီကြီး မြို့ရှိ ချိုတူနာချော် နန်ကပ်  ရှေးဟောင်း သုတေသန တူးဖော်ရေး လုပ်ကွက်၌ လွန်ခဲ့ေ သာ နှစ်က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ သုတေသန ပညာရှင်များသည် အဆိုပါ အမျိုးသမီး၏ မျက်နှာအား ပြန်လည် ပုံဖော်ရာ၌ ၎င်း၏ ရုပ်ကြွင်း များ၊ ဒေသခံ အမျိုးသမီး များ၏ ဓာတ်ပုံဟောင်း များနှင့် ကွန်ပျူတာဖြင့်  ဖန်တီးထားသည့် ပုံရိပ်များကို ပေါင်းစပ်၍ ငါးလမှ  ခြောက်လကြာ ခက်ခဲစွာ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။ ၎င်းပုရောဟိတ် အမျိုးသမီးသည် ခန့်မှန်းခြေ အားဖြင့် အသက် ၃ဝ နှင့် ၄ဝ ကြား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပညာ ရှင်များက ပြောကြားခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...