
လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀က ထင်ပေါ်ကျော်ကြားခဲ့သည့် သမိုင်းဝင် အဘူဒါဘီခံတပ်ကြီးကို အလူမီနီယံ စည်သွတ်ဘူးပေါင်း ၄၆၅၅၆ဘူးဖြင့် ဖန်တီးပြနိုင်သောကြောင့် ဂင်းနက်စ်ကမ္ဘာ့ မှတ်တမ်းတွင် စံချိန်တင်ခဲ့သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု အဘူဒါဘီမှ ကျောင်းသားလေးများက အဆိုပါခံတပ်ပုံတူကို ဖန်တီးရန် ခြောက်ရက်ကြာမျှ အချိန်ယူခဲ့ရသည်။ အဆိုပါ ခံတပ်ပုံတူကိုဖန်တီးရန် အလူမီနီယံသတ္တုကို အသုံးပြုရသည့် အကြောင်းအရင်းမှာ အဆိုပါသတ္တုသည် အာရပ်စော်ဘွားများ ပြည်ထောင်စု စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ဖြစ်သည်ဟုဆိုသည်။
ref: ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။