Friday, December 28, 2012

ရေအောက်မှာလမ်းလျှောက်ကြမလား


ဂျပန်နိုင်ငံက အနုပညာပြတိုက်တစ်ခုမှာပြသထားတဲ့ 
ရေကန်တုပါတဲ့ ။ ရေကန်ပုံစံ ကန်တစ်ခုပြုလုပ်ထားပြီး ရေမျက်နှာပြင်နေရာမှာ
အလွန်ပါးတဲ့ မှန်အကြည်တစ်ချပ်ကိုအုပ်လိုက်ပြီး အပေါ်မှာ ရေအနည်းငယ်တင်ပေးလိုက်တော့
နေရောင်ထိုးတဲ့ အခါ ကန်တစ်ခုလုံးရေပြည့်နေတဲ့ ပုံစံဖြစ်သွားပါတယ်။

အမှန်က ကန်မျက်နှာပြင်မှာပဲ မှန်အကြည်နဲ့ ကာထားတဲ့ ရေရှိတာပါ။
ကန်အောက်ပိုင်းမှာ လူဝင်ဖို့ တံခါးလုပ်ထားတဲ့ အတွက် ၀င်လိုက်ရင် မိမိကိုယ်တိုင် ရေပြည့်နေတဲ့ ရေကန်အောက် ရောက်နေသလိုဖြစ်နေပါတယ်။
ရေကန်စပ်မှာ ရေကန်ပေါ်တက်တဲ့  ဘားလှေကားလေးပါ လုပ်ထားတော့ ပိုတူသွားပါတယ်။
ဒီအနုပညာကို ဖန်တီးသူကတော့ အာဂျင်တီးနားမှ ထူးထူးဆန်းဆန်း အနုပညာ ဖန်တီးရှင်Leandro Erlich ပဲဖြစ်ပါတယ် ။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...