Monday, January 14, 2019

အိမ်ခြေမဲ့သူ ဆေးရုံတက်ရချိန် လိုက်ပါစောင့်ပေးနေသည့် လမ်းပေါ်မှခွေးများ

ယခုရက်ပိုင်း အင်တာနက်သတင်းများတွင် ထွက်ပေါ်လာတဲ့ ပုံလေးများ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှ အိမ်ခြေယာခြေမဲ့ လူတစ်ဦးဟာ ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတက်ရပါတယ်။ သူဆေးရုံရောက်နေစဉ် ခွေးလေးကောင်မှာ ဆေးရုံရှေ့ အပေါက်ဝအထိ လိုက်ပါစောင်နေခဲ့ပါတယ်။ ထိုခွေးလေးကောင်မှာ အိမ်ခြေမဲ့ အမျိုးသားနှင့် လမ်းပေါ်မှာ အတူနေကြသော ပိုင်ရှင်မဲ့ အလေအလွင့် ခွေးများ ဖြစ်ပါတယ်။

သူတို့အဖော် ဆေးရုံတက်နေရချိန်တွင် အဝေးမသွားဘဲ ဆေးရုံအပေါက်ဝအထိ လိုက်ပါစောင့်ပေးနေပုံမှာ တွေ့မြင်ရသူများ တအံ့တသြ ဖြစ်စေခဲ့ပါတယ်။ လူလူချင်းတောင် ဒုက္ခရောက်ချိန် ရှောင်ပုန်းနေတတ်ကြပေမယ့် လမ်းပေါ်နေ ခွေးများ နှင့် လူသားတစ်ဦးတို့ရဲ့ ခိုင်မြဲသော မေတ္တာတရားကတော့ အတုယူဖွယ် ကောင်းလှပါတော့သည်။


သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...