Saturday, May 6, 2017

ကိုယ်တိုင်ဆိုင်သွားကာ မုန့်ဝယ်စားတတ်သည့် ခွေးလိမ္မာလေး

 
သူငယ်ချင်းတို့ကို အလွန်လည်ပြီး ချစ်စရာကောင်းတဲ့ ခွေးကလေးအကြောင်း တင်ပြပါမယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ၊ ကျီလင်းပြည်နယ် ၊ ချောင်ချမ်းမြို့မှ ဘော်ဘီ လို့ အမည်ပေးထားသည့် ခွေးကလေးသည် ဈေးဆိုင်သို့ ပုံမှန်သွားရောက်ကာ မိမိစားချင်သည့် မုန့်ကို ၀ယ်စားလေ့ ရှိပါသည်။ မုန့်ဝယ်စားတာ သင်ပေးထားလို့ ရပေမယ့် ဘော်ဘီ၏ ထူးခြားချက်မှာ မိမိအိမ်မှ ယူဆောင်လာသော ပိုက်ဆံ နှင့် ၀ယ်စားမည့် မုန့် တန်ဖိုးကို တွက်ချက်တတ်ခြင်း ဖြစ်ပါသည်။ သူ၏ သခင်မှ ငွေ တစ်ယွမ်ပေးလိုက်လျှင် အိမ်အနီးရှိ ဈေးဆိုင်သို့သွားကာ သူနှစ်သက်သော ကြက်အူချောင်း (သို့) ကြက်တောင်ပံ တို့ကို ကိုယ်တိုင်သွားရောက်ကာ ၀ယ်စားပါသည်။ ခွေးကလေးသည် ပိုက်ဆံကို ကိုက်၍ ဈေးဆိုင်သို့ ချီတက်သွားပုံမှာ ချစ်စရာ ကောင်းလှပါသည်။


တစ်ခါတစ်လေ သူ့သခင်မှ ပိုက်ဆံ တစ်ယွမ်ထက် ပိုပြီး ပေးလိုက်လျှင် ဘော်ဘီတစ်ယောက် ဆိုင်ရှင်နှင့် ရန်ဖြစ်ရပါတော့သည်။ သူပေးလိုက်သည့် ပိုက်ဆံက များနေပြီး သူ့ကို ပြန်မအမ်းပေးလျှင် ဘော်ဘီ အိမ်မပြန်တော့ပါ။ မရရအောင် ပြန်တောင်းတတ်ပါသည်။ သူသည် ပိုက်ဆံ၏ ပုံစံကို မှတ်သားထားနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ ဒါကလည်း ဒီလို သူကိုယ်တိုင် သွားရောက် ၀ယ်စားနေသည်မှာ ၇ နှစ်ခန့် ရှိပါသည်။ သူ့ကို ချစ်ခင်သူများက ငွေ စက္ကူအကြွေ (တန်ဖိုးနည်း) နှင့် တန်ဖိုးကြီး ငွေစက္ကူကို ချထားပြီး ကြိုက်ရာကို ယူသွားခိုင်းလျှင် သူသည် တန်ဖိုးကြီး ငွေစက္ကူကိုသာ ကိုက်ချီ၍ မုန့်သွားဝယ်ပါသည်။ 
ထို့ပြင် ပိုက်ဆံ နှင့် အခြား စက္ကူတစ်ရွက်ရွက်ကို ယှဉ်ချထားလျှင်လည်း ငွေစက္ကူပိုက်ဆံကိုသာ ယူ၍ ဈေးဆိုင်သို့ ပြေးပါတော့သည်။
ကဲ တော်တော် လူလည်လုပ်တယ်နော်… ဟဲ … မဟုတ်သေးပါဘူး… ခွေးလည်လေးပေါ့နော်
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...