Monday, May 7, 2018

ပင်လယ်အောက်တွင် စီးဆင်းနေသည့် မြစ်ကြီးတစ်စင်း

မြစ်ဆိုလျှင် ကုန်းမြေပေါ်တွင်သာ တွေ့မြင်တတ်ကြပေမယ့် ယခုမြစ်ကြီးကတော့ ပင်လယ်နက်မြစ်ကြမ်းပြင်၌ တသီးတခြား စီးဆင်းနေသည့် မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ ပင်လယ်သမုဒ္ဒရာများအောက်တွင် ရေအေးစီးကြောင်း၊ ရေနွေးစီးကြောင်းများ စီးဆင်းနေတတ်သော်လည်း ယခုမြစ်ကြီးကတော့ ထိုကဲ့သို့ ရေစီးကြောင်းသဘောမျိုး မဟုတ်ဘဲ မြစ်တစ်ခုရဲ့ အင်္ဂါရပ်များ အပြည့်အစုံပါဝင်နေတာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် ပင်လယ်အောက်တွင် စီးဆင်းနေသည့် ထူးထူးခြားခြား မြစ်ကြီးအဖြစ် သတ်မှတ်ခဲ့ကြပါသည်။

ထိုမြစ်ကြီးကတော့ Black Sea(ပင်လယ်နက်) ကြမ်းပြင်ကို ၂၀၁၀ခု၊ သြဂုတ်လ၊ ၁ ရက်နေ့တွင် လိဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ လေ့လာရင်း တွေ့ရှိအတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ပင်လယ်နက်ရေပြင်၏အောက်တွင် အရောင်မတူသည့် နောက်ထပ်မြစ်တစ်စင်း စီးဆင်းနေခြင်းမျိုး ဖြစ်ပေါ်နေတာပါ။

ပင်လယ်ကအပေါ် ၊ မြစ်ကအောက် စသည်ဖြင့် ရေများမရောထွေးသွားဘဲ သီးခြားဖြစ်တည်နေတာပါ။ သိပ်သည်းဆနှင့် သဘောသဘာဝမတူညီသော ရေနှစ်မျိုးသည် မရောထွေးဘဲ သီးခြားစီဖြစ်တည်နေခြင်းပဲ ဖြစ်ပါသည်။ သို့သော် ထိုသို့ဖြစ်တည်နေသည့် မြစ်သည် အလွန်ကြီးမားနေတာကို တွေပမြင်ကြရပါသည်။

မြစ်ကြီးသည် ဆိုနာ နည်းပညာဖြင့် သုတေသနပြု စမ်းသပ်ချက်အရ (၃၇)မိုင် (60km) အထိရှည်ကာ ၊ (၁၁၅)ပေ (35 m)အထိ အနက်ရှိပါသည်။ မြစ်ပြင်အကျယ်ကတော့ (၀.၆)မိုင် (0.97 km) အထိရှိတဲ့ မြစ်ကြီးတစ်စင်းပင် ဖြစ်ပါသည်။

ထိုကဲ့သို့ နက်ရှိုင်းကြီးမားစွာ ပင်လယ်နက်အောက်တွင် တည်ရှိနေသော မြစ်ကြီးရဲ့ ရေထုထည်ပမာဏဟာ ဥရောပအကြီးဆုံးမြစ်တစ်ခုဖြစ်တဲ့ Rhine မြစ်ကြီးထက် ၁၀ ဆပို၍ ကြီးမားပါသည်။ Thame မြစ်ထက်ဆိုလျှင် အဆပေါင်း ၃၅၀ လောက်ပိုများသော ရေထုထည်ရှိကြောင်း သိရပါသည်။ ရေစီးဆင်းသည့်နှုန်းသည်ပင်လျှင် တစ်နာရီ လေးမိုင်နှုန်း ရှိပါသည်။ ၃၇ မိုင်ပဲရှည်သော်လည်း ကျယ်ပြန့်နက်ရှိုင်းပြီး စီးဆင်းနေသည့် ရေထုပမာဏကြောင့် အခြား မြေပြင်ပေါ်ရှိ ပုံမှန်မြစ်ကြီးများနှင့် နှိုင်းယှဉ်ပြီး ကမ္ဘာ့အကြီးဆုံး မြစ်ကြီးများစာရင်းတွင် ထည့်သွင်းပါက နံပါတ်(၆) အဖြစ် သတ်မှတ်ခံရမည် ဖြစ်ပါသည်။

ထို့ပြင် ပင်လယ်နက်အောက်မှ မြစ်ကြီးတွင် မြေပြင်ပေါ်မှ မြစ်ကြီးများကဲ့သို့ပင် မြစ်ကမ်းစပ်များ၊ အပင်များ တည်ရှိနေသလို ရေတံခွန်များပင် ဖြစ်ပေါ်စီးဆင်းနေခြင်း ဖြစ်ပါသည်။ ဒါပေမယ့် အခြားမြေပြင်ပေါ်မှ မြစ်ကြီးများကို ခရီးသွားဧည့်သည်များ အလွယ်တကူသွားရောက် လည်ပတ်နိုင်သော်လည်း ယခု ပင်လယ်အောက်မှ မြစ်ကြီးကတော့ လည်ပတ်ရန် လွယ်ကူတဲ့ နေရာတစ်ခုတော့ မဟုတ်ပါ။










သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...