Monday, July 25, 2016

ဗုဒ္ဓတစ်ထောင် အကောက်တောင် မှ တောင်နံရံမှ ဗုဒ္ဓရုပ်ပွားတော်များ

ပဲခူးတိုင်း ၊ ပြည်မြို့တစ်ဖက်ကမ်း ၊ ထုံးဘိုမြို့နယ်အတွင်းနှင့် ဧရာဝတီတိုင်း ၊ ကြံ့ခင်းမြို့နယ်
တို့အကြား တိုင်းနှစ်ခု ၏ ထိစပ်မှုနေရာ ၊ ဧရာဝတီမြစ်ကမ်းပါး ပေါ်တွင် တည်ရှိသော
အကောက်တောင် မှာ ယခုအခါဘုရားဖူး ခရီးသွားများ စိတ်ဝင်စားမှုများပြားစွာ သွားရောက်
ကြသော ဒေသတစ်ခုဖြစ်လာခဲ့ပါသည်။
http://i.imgsafe.org/644a011b70.jpg
ထိုသည်မှာလည်း အခြားဒေသများတွင် တွေ့မြင်ရခဲလှသော ဧရာဝတီမြစ်ကမ်းပါးဘေးရှိ
တောင်ကမ်းပါးယံ၌ ဗုဒ္ဓရုပ်ပွားတော် အဆူဆူ ပုံတော် အမျိုးမျိုးဖြင့် ကြည်ညိုသပ္ပါယ်ဖွယ် ၊
အံ့သြချီးကြူးဖွယ်ကောင်းလောက်အောင် ထုဆစ်ထားမှုများကို ဖူးမျှော်နိုင်ကြသဖြင့်
ခရီးသွားများအဖို့ တစ်ကူးတစ်က သွားရောက် ဖူးမျှော်ကြရခြင်း ဖြစ်ပါသည်။
http://i.imgsafe.org/6447269559.jpg
ပြည်မြို့မှ နေ၍ ဧရာဝတီမြစ်ကို န၀ဒေးတံတားမှ ဖြတ်သန်းပြီး အကောက်တောင်ရှိရာ
ထုံးဘိုမြို့သို့ တစ်နာရီကျော်လောက် ကားမောင်းသွားရပါသည်။ထုံးဘိုမြို့သို့ရောက်လျှင်
မြစ်ကမ်းဘေးရှိ မော်တော်ဆိပ်မှ မော်တော်များဖြင့် အကောက်တောင် ရှိရာသို့
ရေလမ်းခရီးမှ သွားရောက်နိုင်ပါသည်။

http://i.imgsafe.org/6445e5522b.jpg
(ဧရာဝတီမြစ်ပြင်ဘက်မှ ဖူးတွေ့ရသော တောင်နံရံပေါ်မှ ဗုဒ္ဓရုပ်ပွားတော်များ)
http://i.imgsafe.org/644652db37.jpg
ကုန်းလမ်းခရီး ရှိသော်လည်း ယခုအခါ
လမ်းကြမ်းနေသလို ၊ ကုန်းလမ်းမှသွားလျှင် မြစ်ကမ်းဘေး ကျောက်နံရံပေါ်မှ
ထွင်းထုထားသော ရုပ်ပွားတော်များကို ဖူးမျှော်ခွင့် ရမည် မဟုတ်ပါ။
တောင်ပေါ်မှ နံရံထွင်း ရုပ်ပွားတော်များကိုသာ ဖူးမျှော်ရမှာပါ။
http://i.imgsafe.org/644a07f992.jpg
(ဧရာဝတီမြစ်ပြင်ဘက်မှ ဖူးတွေ့ရသော တောင်နံရံပေါ်မှ ဗုဒ္ဓရုပ်ပွားတော်များ)

http://i.imgsafe.org/6446419d7d.jpg
 ထို့ကြောင့် ရေလမ်းခရီး
မှ သွားခြင်းသည်သာ နံရံကပ် ဗုဒ္ဓရုပ်ပွားတော် အစုံအလင်ကို ဖူးမျှော်ခွင့် ရမည်ဖြစ်ပါသည်။
http://i.imgsafe.org/6446e1ba19.jpg
(ဧရာဝတီမြစ်ပြင်ဘက်မှ ဖူးတွေ့ရသော တောင်နံရံပေါ်မှ ဗုဒ္ဓရုပ်ပွားတော်များ)

http://i.imgsafe.org/64468181fa.jpg 
အကောက်တောင် နှင့် ပတ်သက်သည့် သမိုင်းကြောင်း အဆိုများမှာ
ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းလက်ထက်တွင်  မြို့ တော်ဝန်ဦးကောက်ရ ဆိုသူကို အကောက်တောင်ခြေတွင် အကောက်ရုံးဖွင့်စေပြီး မြစ်အတွင်း အစုန်ဆန်သွားလာနေသော လှေသင်္ဘောများကို အခွန်ကောက်ခံစေသည်ကို အစွဲပြု၍ အကောက်တောင်ဟု အမည်တွင်သည်ဟု သိရသည်။ထို့အပြင် တစ်ချို့အဆိုမူကွဲအရ အကောက်တောင်ဟုအမည်မတွင်ခင်က ရတနာပုံစတောင်ဟု အမည်တွင်သည်။
မြတ်စွာဘုရားကျေးမင်းဖြစ်တော်မူစဉ် ထိုတောင်ပေါ်ရှိ သစ်သီးသစ်ဥများက ချိုမြိန်အရသာရှိ၍ အစာကောက်သည်ကို အစွဲပြုကာ အစာကောက်တောင်ဟုခေါ်ရာမှ ကာလ ရွေ့လျားကာ အကောက်တောင် ဟု တွင်သည်ဟုလည်း သိရပါသည်။
http://i.imgsafe.org/64461da50a.jpg
(ဧရာဝတီမြစ်ပြင်ဘက်မှ ဖူးတွေ့ရသော တောင်နံရံပေါ်မှ ခြုံနွယ်များပိတ်နေသော ဗုဒ္ဓရုပ်ပွားတော်များ)

http://i.imgsafe.org/6449d75ad9.jpg
တောင်နံရံပေါ်မှ ထွင်းထုထားသော ဗုဒ္ဓရုပ်ပွားတော်များ၏ အဦးအစမှာ
ဧရာဝတီမြစ်အတွင်း အစုန်အဆန်ကူး သန်းသွားလာနေသော လှေဖောင် များသည်
အခွန်ပေး ဆောင်ရန်အတွက် အကောက်ဆိပ် တွင် ခရီးတစ်ထောက် နားရင်း ပန်းပု
ဝါသနာသူများက ကျောက်တောင်နံရံတွင် ဗုဒ္ဓရုပ်ပွားတော်များ စတင်ထွင်းထု
ပူဇော်ခဲ့သည်ဟု မှတ် သားရပါသည်။
http://i.imgsafe.org/64476b6137.jpg
(တောင်ခြေမှ မော်တော်ဆိပ် နှင့် တောင်တက်လမ်း)

http://i.imgsafe.org/6446d2f5e5.jpg
အစပိုင်းတွင် ပန်းပုဝါသနာရှင် ကျောက်ဆစ်ပညာ ရှင် တစ်ဦးနှစ်ဦးက ရုပ်ပွားတော်များ
စတင်ထွင်းထုသော် လည်း နောက်ပိုင်း တွင် ဒေသပေါင်းစုံမှ ပညာရှင်ပေါင်းစုံ
 ရောက်လာသဖြင့် ရုပ်ပွားတော်များ တဖြည်းဖြည်းများပြား လာခြင်းဖြစ်နိုင်ပါသည်။
http://i.imgsafe.org/6449948128.jpg
(တောင်တက်လမ်းတွင် ဖူးမြင်ရသော ရုပ်ပွားတော်များ)

http://i.imgsafe.org/644783f432.jpg
 မြင့်မား မတ်စောက်သော တောင်နံရံတွင်  ရုပ်ပွားတော်အမျိုးမျိုး ထုဆစ်ထားသည်မှာ
အလွန်အံသြဖွယ်ကောင်းပြီး ရှေးမြန်မာကြီးများ ၏ ကျောက်ဆစ် ပညာနှင့် ဘာသာရေး
စိတ်ဓာတ်ကို မလေးစားဘဲမနေနိုင် အောင်ဖြစ်မိပါသည်။
http://i.imgsafe.org/644821b493.jpg
(တောင်တက်လမ်းတွင် ဖူးမြင်ရသော ရုပ်ပွားတော်များ)

http://i.imgsafe.org/64496258d6.jpg
 တောင်နံရံတွင် ပျားအုံသဖွယ်
ဂူ ပေါက်လေးများ ပြုလုပ်ပြီး ရုပ်ပွားတော်များထုဆစ်ခြင်းမှာ အလွန်ခက်ခဲပြီး ဝါးငြိမ်းများ
ဆင်၍ သက်စွန့်ကြိုးပမ်း ဆောင် ရွက် ကြရခြင်းဖြစ်ပါသည်။
နွေရာသီတွင်ရေကျသောကြောင့် နီးနီးကပ်ကပ် မဖူးမြင်ရဘဲ   မိုးအခါ ရေတက်ချိန်တွင် အနီးကပ်ဖူးမြင်နိုင်သည်။
http://i.imgsafe.org/6447aac8f3.jpg
(ဘုရားဖူးများ၏ ယတြာသဘော လုပ်ဆောင်ထားမှုများ)
http://i.imgsafe.org/6446af10ea.jpg
(တောင်တက်လမ်းတွင် ဖူးမြင်ရသော ရုပ်ပွားတော်များ)

http://i.imgsafe.org/64480b9685.jpg
(တောင်တက်လမ်းတွင် ဖူးမြင်ရသော ရုပ်ပွားတော်များ)

http://i.imgsafe.org/6447a9aa51.jpg
အကောက်တောင်ရှိ ထုံး ကျောက်လွှာများသည် ကျောက်ကုတ်ကျောက်လွှာဆင့်များဖြစ်ပြီး
ဘူမိသက်တမ်းတစ်ခုတွင် ပင် လယ်ရေ တိမ်ပိုင်းအဖြစ် အနည်ကျ ပြီး နောက်
ဧရာဝတီကျောက်လွှာ စုမှ ပြတ်ကျန်ရစ်ခဲ့ခြင်းဖြစ်သည် ဟု ဘူမိဗေဒပညာရှင်မော်ရေး
 စတူးဝပ် က ပြောခဲ့ကြောင်း သိရပါသည်။ သဲကျောက်များ၊ ရှေးလ် ကျောက်များ၊
ထုံးကျောက်များ ရောစပ်ပါဝင်သဖြင့် ပန်းပုဆရာများ အလွယ် တကူ ထုဆစ်နိုင်ခဲ့သည်
ဟုလည်း မှတ်ချက်ပေးထား ကြောင်း မှတ်သားရဖူးပါသည်။
http://i.imgsafe.org/644803dcf3.jpg
(ပျက်စီးစ ပြုလာသော ရုပ်ပွားတော်များ)
http://i.imgsafe.org/64494f39b2.jpg 
ဗုဒ္ဓတစ်ထောင် အကောက်တောင်ဟု အမည်တွင်ခဲ့သော်လည်း နှစ်ကာလ ကြာမြင့်ခြင်း၊
စနစ်တကျ ထိမ်းသိမ်းမှု အားနည်းခဲ့ခြင်း ၊ မြစ်ကမ်းဘေး အမိုးအကာမဲ့ တွင် တည်ရှိ
နေသောကြောင့် နေဒဏ်၊လေဒဏ်၊ နှင့် ရေဒဏ်တို့ကြောင့် တဖြည်းဖြည်း လျော့နည်း
ပျောက်ကွယ်နေခဲ့ရပါသည်။ ပျက်စီးခဲ့ပြီးသော နှင့် ပျက်စီးနေစဲ ဘုရားရုပ်ပွားတော်
အများအပြားကိုလည်း တွေ့မြင်ခဲ့ရပါသည်။
http://i.imgsafe.org/6449d151ff.jpg
(ပျက်စီးစ ပြုလာသော ရုပ်ပွားတော်များ)
၂ဝဝ၇ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများလာရောက်
 လေ့လာသောအခါ နံရံကပ် ရုပ်ပွားတော်အဆူ ၁ဝဝဝ မပြည့်တော့ဘဲ ၃၇ဝ သာ
ကျန်တော့ ကြောင်းသိရပါသည်။ ကုန်းဘောင် ခေတ်တွင် ထုလုပ် ခဲ့သော ရှေးဟောင်း
ဗုဒ္ဓရုပ်ပွားတော်များ ဤကာလအတွင်း ၆ဝဝ ကျော်ပျက် စီးသွားခြင်းသည် ဘာသာရေး
အရ ဆုံးရှုံးခြင်းဖြစ် သလို ရှေးဟောင်း သုတေသန ကဏ္ဍအတွက်လည်း
ဆုံးရှုံးမှုဖြစ်ကြောင်း ထင်ရှားပါသည်။ အစားထိုးမရသော ဆုံးရှုံးမှုဖြစ်ပါသည်။
http://i.imgsafe.org/6448458574.jpg
(တောင်ပေါ်မှ ရွှေမြင်းတင်စေတီ)
အကောက်တောင်ရင်ပြင်ပေါ်တွင် စေတီတစ်ဆူရှိရာ ထိုစေတီ၏ဘွဲ့တော်မှာ “ ရွှေမြင်တင်” စေတီဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ ကျော်က သီရိတံခွန်မင်းကြီး အုပ်စိုးစဉ် ထိုမင်းသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောကြောင့် သိကြားမင်းကပင် မြတ်စွာဘုရား၏ သရီရဓါတ်တော်၃ဆူကိုလာရောက်ဆက်သရသည်။ ထိုအခါ ထိုဓါတ်တော်၃ဆူကို မင်းကြီးက သားတော်အကြီးမဟာပုံစမင်းသားကို တစ်ဆူပေးကာ ရတနာပုံစတောင်ပေါ်သို့ သားတော်အကြီးက သိန္ဓောဝမြင်းပေါ်တင်၍လွှတ်လိုက်ကာ စေတီတည်သောကြောင့် “ ရွှေမြင်းတင် ” ဟု တွင်ရာမှ ယခုအခါ “ ရွှေမြင်တင် ” ဖြစ်လာခဲ့သည်ဟု သိရပါသည်။  ထို့ပြင်သားတော်လတ် စူဋ္ဌာပုံစမင်းသားကိုလည်း ဓါတ်တော်တစ်ဆူပေးရာ သားတော်အလတ်က ရတနာပုံစတောင်၏တောင်ဘက်၁ ဖာလုံအကွာတွင် စေတီတစ်ဆူ ၊ သားတော်အငယ် သံပုံစကိုလည်း ဓါတ်တော်တစ်ဆူပေးရာ မြောက်ဘက် ၁ ဖာလုံအကွာတွင် စေတီတော်တစ်ဆူစီ အသီးသီး တည်ကြသည် ဟု သိရပါသည်။
http://i.imgsafe.org/64490aae46.jpg
(အကောက်တောင် တည်ရှိရာ တောင်ကုန်းတန်းပါ)
http://i.imgsafe.org/6448f69915.jpg
(တောင်ပေါ်မှ မြင်ရသော ဧရာဝတီမြစ်ပြင်ကျယ် ရှုခင်း)
http://i.imgsafe.org/64471da692.jpg
အခြားသော စိတ်ဝင်စားဖွယ်ရာများနှင့် ရေတံခွန်ကဲ့သို့ သဘာဝအလှများလည်းရှိပါသေးသည်။
http://i.imgsafe.org/6448c0407f.jpg
ထို့ပြင် ပဲခူးတိုင်း ထုံးဘိုမြို့သည် ကျွန်တော်တို့မြန်မာနိုင်ငံ၏ အာဇာနည်ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ
သခင်မြ၏ မွေးရပ်မြေ ဖြစ်ပါသည်။ မြစ်ဆိပ်သို့သွားရာလမ်းတွင် အာဇာနည် သခင်မြ ၏
ရုပ်ထုကိုလည်း ထုလုပ်ထားပါသည်။
http://i.imgsafe.org/6448158306.jpg
 (တောင်ပေါ်တွင် အမှတ်တရ)
ထို့ကြောင်း သူငယ်ချင်းတို့အနေဖြင့် ပဲခူးတိုင်း ပြည်မြို့ဘက် နှင့် ဧရာဝတီတိုင်း ကြံခင်းမြို့သို့
ရောက်လျှင် အကောက်တောင် ရှိ တောင်ကမ်းပါးယံတွင် ကြည်ညိုဖွယ်ကောင်းလှသော ဗုဒ္ဓရုပ်ပွားတော်များကို
သွားရောက် ဖူးမျှော်ရင်း သဘာဝ အလှအပများကိုလည်း ခံစားနိုင်ကြပါစေ လို့ တိုက်တွန်းရင်း….
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...