
အိန္ဒိယနိုင်ငံမှ မိသားစုတစ်စုသည် အဖေနှင့် အမေသာမက ကလေးများပါ ခန္မာကိုယ်တစ်ခုလုံး ဆွတ်ဆွတ်ဖြူနေပြီး ကမ္ဘာ့အကြီးဆုံး Albinoမိသားစုအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။ လူပေါင်း ၁ဝဦးပါဝင်သော သူတို့မိသားစုတွင် ဖခင်ဖြစ်သူ ရိုဆက်တော်ရီ(၅ဝနှစ်)နှင့် သူ၏ဇနီး မန်နီ(၄၅နှစ်)တို့သည် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေ သူများဖြစ်သည်။ ၎င်းအပြင် ကျန်ရှိသည့် ၎င်းတို့၏ မိသားစုဝင် ရှစ်ဦးစလုံးမှာလည်း အဖေ အမေကဲ့သို့ပင် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေကြသည်။ ယင်းတို့အနက် သားများဖြစ်သော ရှန်ကာ(၂၄နှစ်) ရမ်ကီရှန်(၁၉နှစ်)နှင့် ဗီဂျေး(၂၅နှစ်)တို့ကို လည်းကောင်း၊ သမီးများဖြစ်သော ဒီးပါ(၂၁နှစ်)နှင့် ပူးဂျာ(၁၈နှစ်)တို့ကို ပုံတွင် တွေ့မြင်နိုင်သည်။ သူတို့သည် အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ အိပ်ခန်းတစ်ခန်းသာ ပါဝင်သော အိမ်ကလေး၌ နေထိုင်ကြသည်။ သူတို့ဇနီးမောင်နှံသည် ၁၉၈၃ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ယင်းနောက် သူတို့၏သား ရှန်ကာသည် လက်ထပ်ခဲ့ရာ၌ မွေးဖွားခဲ့သည့် ကလေးမှာလည်း တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသည်။ ၎င်းတို့၏ နောက်ဆုံး Albinoမျိုးဆက်ကလေးမှာ နှစ်နှစ်သား အရွယ်ကလေး ဒါရန်ရက်ဂ်ျဖြစ်သည်။ သူတို့နေထိုင်ရာ အရပ်၌ ၎င်းတို့ကို လူအများစုက နိုင်ငံခြားသာ လူဖြူများအဖြစ်ပင် မှတ်ယူကြကြောင်း သိရသည်။
Credit:ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။