Wednesday, October 3, 2012

အန္တရာယ်အများဆုံးသော တောင်တက်လမ်း

စွန့်စားလိုသူများနဲ့ တောင်ပေါ်မှ ရှု့ခင်းအလှများကို ကြည့်ရှု့လိုသူများအတွက် အသဲထိတ်ဖွယ် တောင်တက်လမ်းတစ်ခုကို တင်ပြပေးပါမယ်။ ဒီလမ်းကတော့ အမေရိကန်အနောက်မြောက်ပိုင်း ၊ Utah ပြည်နယ် ၊ zion national park မှာတည်ရှိတဲ့ ချိုင့်ဝှမ်းနဲ့ မက်စောက်တဲ့တောင်ကမ်း ပါးယံတွေပေါများတဲ့နေရာလေးမှ လမ်းလေး ဖြစ်ပါတယ်။ ထိုဒေသဟာ တောင်ကမ်းပါးယံတွေ များစွာတည်ရှိနေသလို တက်ရောက်ရတဲ့လမ်းကလည်း ၂ ပေ အကျယ်လောက်သာ ရှိပါတယ်။ တစ်ချို့နေရာများဆိုရင် ခြေချစရာ မရှိလောက်အောင် ဖြစ်နေတတ်ပြီး ချပေးထားတဲ့ သံကြိုးများကိုသာ အားပြုတက်ရောက်ရမှာ ဖြစ်ပါတယ်။ သတိရှိစွာနဲ့ တက်ရောက်ရမယ့် ကမ္ဘာ့အန္တရာယ်အများဆုံး တောင်တက်လမ်းအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် နှစ်စဉ်ခရီးသွားများနဲ့ အထူးသဖြင့် တောင်တက်ဝါသနာပါသူများကတော့ များစွာလာရောက်တတ်ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ တောင်ပေါ်ရောက်ရင်တော့ နက်ရှိုင်းတဲ့ တောင်အောက်ခြေမှ ရှု့ခင်းအလှများကို ကြည့်ရှု့ခံစားနိုင်မှာပါ။ 






















သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

1 comment:

  1. ကြည့်သွားပါတယ်။ ကျေးဇူးပါ။ ချမ်းမြေ့ပါစေ။

    ReplyDelete

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...