Friday, December 7, 2012

သံခေတ်သုံး ခမောက် တစ်ခု ဗြိတိန် အပျော်တမ်း ရတနာ ရှာဖွေသူများ တွေ့ရှိ


လန်ဒန်   ဒီဇင်ဘာ   ၆
ဗြိတိန် နိုင်ငံမှ အပျော်တမ်း ရတနာ ရှာဖွေသူ များသည် သံခေတ်က လူများ သင်္ဂြိုဟ်ပြီးနောက် အရိုးပြာအိုး အဖြစ် အသုံးပြု ခဲ့သည့် ခမောက် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ခမောက်သည် ဒုတိယ ကမ္ဘာစစ် အတွင်းက အသုံး ပြုခဲ့သည့် စစ်သည်ဆောင်း ဦးထုပ်နှင့် အသွင် တူညီကြောင်းနှင့် ယင်းခမောက်ကို ကန့်ဒေသ ဆန်တာဘာရီ မြို့အနီး၌ ပြီးခဲ့သည့် လက သတ္တု ရှာဖွေရေး လျှပ်စစ် ကိရိယာကို အသုံးပြု၍ ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ဗြိတိသျှ ပြတိုက်က ထုတ်ဖော် ပြောကြား ခဲ့သည်။
ယင်းခမောက်နှင့် အတူ ရှာဖွေ တွေ့ရှိခဲ့သည့် ရင်ထိုးသည် လူအရိုးများ ထည့်ထားသော အိတ်ကိုစည်းနှောင် ရာတွင် အသုံးပြုခဲ့ နိုင်ဖွယ်ရှိကြောင်း သိရသည်။
ယင်းခမောက်ကို ပိုင်ဆိုင်သူသည် ရှေးခေတ် ဗြိတိန် နိုင်ငံတွင် နေထိုင်ခဲ့သည့် ကြေးစား စစ်သားတစ်ဦး ဖြစ်နိုင်ဖွယ် ရှိပြီး ၎င်းသည် ယခုအခါ ပြင်သစ် နိုင်ငံဟု လူသိ များနေသော ဂေါလ်ဒေသရှိ ရောမများကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။
ရှာဖွေရေး သမားများသည် သတ္တု ရှာဖွေရေး ကိရိယာကို အသုံးပြု၍ တတိယမြောက် ရစ်ချက်ဒ် ဘုရင်နှင့် စကန်ဒီနေး ဗီးယားမှ ဗိုင်းကင်းမျာ ပိုင်ဆိုင်သည့် တောဝက် အထီးပုံစံ ရတနာ ပစ္စည်း တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ဗြိတိသျှ ပြတိုက်က ထုတ်ဖော် ပြောကြား ခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...