
ကမ္ဘာ့အရောင်အစုံဆုံး သစ်ပင်လို့ သတ်မှတ်ထားတဲ့ သစ်ပင်ကို သက်တံ့ သစ်ပင် (Rainbow Eucalyptus) လို့ခေါ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဝါ၊စိမ်း၊နီ၊ပြာ၊ လိမ္မော်၊ခရမ်း အစရှိသဖြင့် အရောင်အသွေး စုံလင်လှပါတယ်။ ပေါက်ရောက်တဲ့ နေရာကတော့ အရှေ့ တောင်အာရှမှာ အများဆုံး ဖြစ်ပြီး ဖိလစ်ပိုင်မှာဆိုရင် စက္ကူလုပ်ဖို့အတွက် သီးသန့်တောင် စိုက်ပျိုးထားပါတယ်။ tropical zone တောတွေမှာ ပေါက်တဲ့ သစ်ပင်မျိုး ဖြစ်ပါတယ်။
အရှည် ၇၀ မီတာအထိ ရှည်နိုင်တဲ့ အပင်ရှည်သစ်ပင်မျိုး ဖြစ်ပြီး ပင်စည် အတွင်းသားကတော့ အစိမ်းရောင် ဖြစ်ပါတယ်။ Rainbow Eucalyptus လို့ခေါ်တဲ့ ယင်းပင်ကို ကမ္ဘာ့အရောင်စုံဆုံး သစ်ပင်အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။