
ဖြူလွလွ စံပယ်ခင်ရယ်
ဆွတ်ယူသူ သခင်ရှိရင်
ကေသာထက် သီကုံးဖွဲ့ ကာ
နေမယ်ဟန် မာန်ဝန့် ပါလို့ 
စံပယ်ရယ်
မင်း...ဝေချိန်တန်တုံး...၊
အညှာခြွေ လေအဝှေ့ မှာ
ကြွေရန်ချိန် မတန်သေးခင်
ပင်ယံထက် အလှဆင့်ကာ
စံပယ်ရယ်
မင်း...မာန်ဝင့် နေဦး...၊
ဆွတ်ယူသူ သခင်မဲ့ပြီ
နုပျိုချိန် ကုန်ဆုံးပြီမို့ 
မြေယံထက် အလှမဲ့ ကာ
စံပယ်ရယ်
မင်း...ကြွေချိန်နောက်ဆုံး...။ ။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။