Sunday, April 30, 2017
ဆဌမအာရုံဖြစ်ရပ်ဆန်းများ( ၆ )
ဒီတစ်ခါဆက်ပြီး ဖီဂျီ မှမီးနင်းသူများအကြောင်းကိုတင်ပြပါမယ်။
ဒီမီးနင်းပွဲကို ဗီလာဗီလာရီဗို လို့ သူတို့ ကခေါ်ကြပါတယ်။ဒီလို
ပွဲမျိုးကို အစဉ်အလာအရ လွန်ခဲ့တဲ့နှစ်များစွာထဲက ကျင်းပခဲ့
ကြတာပါ။သူတို့ ဟာ အဝိုင်းပုံစံ ခပ်တိမ်တိမ်ကျင်းတစ်ခုကို
တူးပါတယ်။အဲဒီကျင်းကို သစ်ကိုင်းခြောက်တွေ ထင်းတွေနဲ့ 
ပြီးတော့ မီးလျှံတွေပေါ်မှာ
ကျောက်တုံးတွေကို ဖြန့် ခင်းပါတယ်။ နေ့ တစ်ဝက်လောက်ကြာ
အောင်ဆက်တိုက် အပူပေးထားခဲ့တာပါ။ပြီးမှ အလျှံတညီးညီး
နဲ့ပူနေတဲ့ အဲဒီကျောက်တုံးတွေပေါ်မှာ သစ်ရွက်စိမ်းတွေဖြန့် ခင်း
ပြီးတော့မှ အဲဒီကျင်းကြီးထဲမှာ စုပေါင်းကာ ကကြခုန်ကြနှင့် ကပွဲ
ကိုကျင်းပကြပါတယ်။ခေတ်အဆက်ဆက်နိုင်ငံခြားခရီးသွားတွေကို
စွဲဆောင်နိုင်တဲ့ပွဲတော်တစ်ခုပါ။
ဖီဂျီ မှမီးနင်းသူများ
ဖီဂျီ မှမီးနင်းသူများ
ဖီဂျီ မှမီးနင်းသူများ
ဆက်လက်ပြီး နိုင်ဂျီးရီးယား မှ ယိုရူဘာမျိုးနွယ်တွေအကြောင်းတင်ပြပါမယ်။
လျှာတွေကို သံချောင်းတွေနဲ့ထိုးဖောက်ကြပါတယ်။ဒါပေမယ့်
သွေးမထွက်သလို ထိခိုက်နာကျင်မှုလည်းမဖြစ်ကြပါဘူး။
ကွန်ဂိုနိုင်ငံမှ ကီဘက်ချီမျိုးနွယ်တွေကလည်းအလားတူပါပဲ။
ဖောက်ပြီး ကပွဲကျင်းပကြပါတယ်။သွေးမထွက်သလို ဒဏ်ရာ
အမာရွတ်တောင် မဖြစ်ကြပါဘူး။
(ဟိန္ဒူလူမျိုးများ၏ ပွဲတော်)
နိုင်ငံတိုင်း လူမျိုးတိုင်းလိုလိုမှာ ထိုကဲ့သို့ သဘာဝလွန်ပွဲတော်မျာ၊
သုတေသီများ အမြင် စိတ်စွမ်းအင် အစွမ်းပြမှုများ ရှိတတ်ကြပါတယ်။
အတုအယောင်များ ရှိသလို တကယ်အစွမ်းပြမှုများလည်း
များစွာရှိတတ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း
ထိုကဲ့သို့ အစွမ်းပြမှုပုံစံ များစွာ ရှိကြသော်လည်း အတုအယောင်များ
လည်း များစွာရှိကြပါတယ်။ ဆင်ခြင်အသိဖြင့် လေ့လာသင့်သည့်
ကိစ္စများသာ ဖြစ်ပါတယ်။
ကျွန်တော်ရေးနေတဲ့ ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ ပိုစ့်ဟာ အမျိုး
အစား ၃ မျိုးစုံသွားပါပြီ။
            ( ၁ ) စနစ်တကျလေ့ကျင့်ထားသူများ၏သဘာဝလွန်
                  အဖြစ်အပျက်များ
           ( ၂ )လေ့ကျင့်ထားခြင်းမရှိသော ရိုးရိုးသာမာန်သူတစ်ယောက်
                 ၏အလိုအလျောက်ဖြစ်ပေါ်သော သဘာဝလွန်အဖြစ်အပျက်များ
            ( ၃ ) ရိုးရာယုံကြည်မှု ၊ ကိုးကွယ်ယုံကြည်မှုကြောင့်ရရှိလာသော
                     သဘာဝလွန် အဖြစ်အပျက်များဟူ၍ဖြစ်ပါတယ်။
တင်ပြတဲ့နေရာမှာ ဆန်းကြယ်အဖြစ်အပျက်များစွာထဲမှ အများသိပ်မသိ
နိုင်သေးသည့်အဖြစ်များကိုသာ တင်ပြခဲ့ပါတယ်။အားပေးကြတဲ့သူငယ်
ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။
May 11, 2013 မှပိုစ့်အား ပြန်လည် ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...