Thursday, April 20, 2017

သွေးစုပ်ဖုတ်ကောင်များ ကျန်းမာရေးဝန်ထမ်းများကို ကြောက်လေ့ရှိ


မိမိကိုယ်ကို သွေးစုပ်ဖုတ်ကောင် Vampire များအဖြစ် သတ်မှတ်ပြီး ကျန်းမာရေးကောင်းရန် လူသွေး သို့မဟုတ် အခြားတိရစ္ဆာန်များ၏ သွေးများကို သောက်သောသူများသည် လူမှုဝန်ထမ်းများနှင့် ဆေးပညာရှင်များက ၎င်းတို့ကို တွေ့ရှိပြီးနောက် တကယ့် မကောင်းဆိုးဝါး သို့မဟုတ် စိတ်ကျန်းမာရေး မကောင်းသူ အဖြစ် သတ်မှတ်မည်ကို စိုးရိမ်ကြကြောင်း လေ့လာမှုတစ်ခုက ဖော်ထုတ်လိုက်သည်။
      သုတေသီများသည် အဆိုပါ ဗန်ပိုင်းယားဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူတစ်စုကို လေ့လာခဲ့ပြီးနောက် ၎င်းတို့ကို နားလည်ရေးသည် ကျန်းမာရေး လုပ်သားများအတွက် အရေးကြီးကြောင်း သိလာရသည်ဆိုသည်။
      “ဘ၀ဖြစ်တည်မှု မတူပေမယ့် ဒီလိုတွေဟာ လူတိုင်းမှာလိုပဲ ကိစ္စတွေ ရှိနေပါတယ်”ဟု အိုင်ဒါဟိုတက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဒီဂျေ ၀ီလီယမ်ကဆိုသည်။

      “လူတိုင်းလူတိုင်းမှာ ပေါင်းသင်း ဆက်ဆံရေး ဆိုင်ရာကိစ္စတွေ၊ အလုပ်အကိုင် ရရှိရေးနဲ့ မိသားစုဝင်တစ်ဦးဦး ကွယ်လွန် ဆုံးရှုံးရခြင်းမျိုးလို ကိစ္စတွေ ရှိကြတာပါပဲ။ တချို့သော ဘ၀ပုံစံအပြောင်းအလဲ (ဗန်ပိုင်းယား) ဖြစ်နေသူတွေကိုလည်း ဆေးပညာရှင်တွေက ကုသမှုတွေလုပ်ရင် ဒီကိစ္စတွေကို သတိထားသင့်ပါတယ်။ တကယ်လို့ ဆေးပညာရှင်တွေဟာ သူတို့အကြောင်းကို သိထားရင် ပိုကောင်းအောင် ကုသပေးနိုင်မှာ ဖြစ်ပါတယ်”ဟု ဗန်ပိုင်းယားများကို လေ့လာခဲ့သော ၎င်းက ဆိုသည်။
      သုတေသီများသည် ကိုယ့်ကိုယ် ကိုယ် ဗန်ပိုင်းယားဟု သတ်မှတ်သောသူများ (၁၁) ဦးကို လေ့လာခဲ့ပြီး ၎င်းတို့မှာ အသက် (၃၇)မှ (၄၁) နှစ်အရွယ်ကြားရှိ ကြကြောင်း သိရသည်။
      ၎င်းတို့သည် ရုပ်ရှင်များထဲကသို့ အနက်ရောင်အင်္ကျီများ မ၀တ်သော်လည်း သဘောတူလက်ခံသည့် လူများထံမှ ဘရိတ်ဓားသုံး၍ ရင်ဘတ်တွင် ခြစ်ရာပေးကာ သွေးအနည်းငယ်ကို လျက်ကာ နေထိုင်ကြကြောင်း၊ ထိုသို့လုပ်ခြင်းမှာ ၎င်းတို့အတွက် အခြားသူများထက် အင်အားပိုလိုအပ်၍ ဖြစ်ကြောင်း ဆိုသည်။ ပညာရှင်များ၏ ထိုလေ့လာချက် ရည်ရွယ်ရင်းမှာ ဗန်ပိုင်းယားများကို ဆေးကုသမှုများလုပ်ရာတွင် ဆေးပညာရှင်များအနေဖြင့် ၎င်းတို့ အကြောင်း ပိုမိုနားလည်ရန်ဖြစ်ကြောင်း ဆိုသည်။                     
Source:UPI
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...