Thursday, April 20, 2017

ကြင်နာတတ်သော စိတ်ရှိသူများ ပေါင်းသင်းဆက်ဆံရေးတွင် ပိုပြီး သက်သောင့်သက်သာဖြစ်


စိုးရိမ်ကြောင့်ကြစိတ် များသူတို့သည် သူတစ်ပါးအား စေတနာထား ကူညီပေးခြင်းဖြင့် စိတ်သက်သာရာ ရနိုင်ကြောင်း သိရသည်။
          ကြင်နာစွာ ကူညီဖေးမပေးသည့် အပြုအမှုကြောင့် လူကြောက်တတ်သည့် ပုဂ္ဂိုလ်များ လူစိမ်းများနှင့် အလွယ်တကူ ရင်းနှီးသွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြားခဲ့သည်။
          ပါတီပွဲများကဲ့သို့ လူမှုရေးပွဲများတွင် လူအများကြားတွင် ကိုယ့်ကိုယ်ကို သတိထားနေပြီး ကြောက်စိတ် ၀င်နေတတ်သူများအတွက် အဆိုပါလေ့လာမှုက အထောက်အကူ များစွာဖြစ်စေသည်။
          တခြားသူများကို ကြင်နာမှုအပြည့်ဖြင့် ကူညီပေးလိုက်ခြင်းကြောင့် ပျော်ရွှင်သည့် စိတ်ခံစားမှုကို ပိုမိုတိုးပွားစေသည်ကို အများသိကြပြီးဖြစ်သည်။ ကနေဒါနိုင်ငံရှိ ဆိုင်မွန်ဖရေဆာ တက္ကသိုလ်နှင့် ဗြိတိန်      ကိုလံဘီယာ တက္ကသိုလ်တို့မှ ကနေဒါသုတေသီများက စိတ်ရင်းကောင်းဖြင့် ကူညီလိုက်ခြင်းကြောင့် စိုးရိမ်ကြောင့်ကြစိတ် လျော့ကျသွားပုံကို လေ့လာထားခြင်းဖြစ်သည်။

          အဆိုပါ လေ့လာမှုတွင် လူကြောက်သည့်စိတ်ကို အမြင့်ဆုံးထိ ခံစားနေရသည်ဟု ဆိုသည့် ကျောင်းသား (၁၅၅)ယောက် ပါဝင်ခဲ့သည်။ ယင်းတို့ကို အဖွဲ့သုံးဖွဲ့ခွဲပြီး တစ်ဖွဲ့ကို မိတ်ဆွေများ၏ ပန်းကန်ဆေးခိုင်းခြင်း၊ အလှူပြုလုပ်ခြင်းနှင့် အိမ်နီးချင်းခြံမှ မြက်ကူရိတ်ပေးခြင်းမျိုး ပြုလုပ်ခိုင်းခဲ့ပြီး ကျန်တစ်ဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ် ခိုင်းခြင်းမျိုး မဟုတ်ဘဲ အကူအညီ ပေးခိုင်းခြင်းများ ပြုလုပ်ခိုင်းခဲ့ပြီး တတိယတစ်ဖွဲ့ကိုမူ ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာများ လုပ်ကိုင်ခိုင်းခဲ့သည်။
          လေ့လာမှုများအရ အကူအညီပေးရာတွင် တက်ကြွစွာ ပါဝင်သူများသည် လူမှုရေးကိစ္စများကို ရှောင်ကြဉ်သည့် အမူအကျင့်များ လျော့နည်းသွားကြောင်း သိရသည်။
          စေတနာကောင်းဖြင့် ကူညီသည့် အမူအကျင့်က ငြင်းဆန်ခံရခြင်း၊ စိုးရိမ်သောက ရောက်ခြင်းနှင့် စိတ်အနှောင့်အယှက် ဖြစ်ရသည့် ခံစားချက်များကို ရင်ဆိုင်နိုင်ရန် ကူညီပေးနိုင်ကြောင်း Motivation and Emotion ဂျာနယ်တွင် ရေးသားဖော်ပြ ထားသည်။
Source: Daily Mail
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...