Thursday, April 20, 2017

ဆိုင်ကယ်ကို ပါကင်မှာ မရပ်လို့ ဖမ်းဆီးခံရတာကြောင့် စိတ်ပျက်သွားတဲ့ (၃)နှစ်အရွယ် ကလေးငယ်


(၃)နှစ်အရွယ်ကလေးငယ်တစ်ဦးဟာ ဆိုင်ကယ်စီးရာမှာ ပါကင်မှာရပ်နားခြင်း မရှိတာကြောင့် ရဲတပ်ဖွဲ့ရဲ့ ချလန်ဖြတ်ခြင်းကို ခံလိုက်ရတာမို့  စိတ်ပျက်သွားတဲ့အမူအယာ ဖြစ်သွားခဲ့ပါတယ်။ ကလေးငယ်ရဲ့ နဖူးကိုရိုက်ပြီး စိတ်ပျက်သွားစေတဲ့ အမူအရာဟာ လူမှုကွန်ရက်မှာလူကြိုက်များခဲ့တဲ့ ဓာတ်ပုံ ဖြစ်ခဲ့ပါတယ်။ ကလေးငယ်ဟာ ဖခင်ဖြစ်သူနဲ့အတူ လိုက်လာခဲ့တာဖြစ်ပြီးအနီရောင် ကလေးစီး မော်တော်ဆိုင်ကယ်ကို စီးနင်းရာမှာ စည်းကမ်းမရှိဘဲ ပါကင်မှာ ရပ်နားခြင်းမရှိတာကြောင့် အဖမ်းခံရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖမ်းဆီးမှုကို ကလေးငယ်ရဲ့ ဖခင် ကိုယ်တိုင်ပြုလုပ်စေခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ဟာ ရဲတပ်သားတွေကို ခင်မင်တတ်သူဖြစ်ပြီး ဖခင်ဖြစ်သူက ဟာသသဘောလုပ်ပြီး မိတ်ဆွေရဲတပ်သားတစ်ဦးကို ဖမ်းစေခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးနေတဲ့ မြင်ကွင်းကို ဓာတ်ပုံရိုက်ခဲ့ရာမှာ အဖမ်းခံရမှုကြောင့်  စိတ်ပျက်သွားတဲ့ ကလေးငယ်တစ်ဦးရဲ့ အမူအရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ ဒီဓာတ်ပုံကို ဖေ့ဘွတ်ခ်မှာ တင်ရှိခဲ့ပြီး ပညာပေးတဲ့အနေနဲ့ အသုံးပြုခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ကနေဒါ နိုင်ငံမှာဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် ကလေးငယ်ဟာ ဆိုင်ကယ်စီးရာမှာ စနစ်ကျသွားပြီး ဦးထုပ်နဲ့ ဂျက်ကက်တို့ကို ၀တ်ဆင်ခဲ့ပါတယ်။ နောက်ပြီး ကလေးငယ်ဟာ စည်းကမ်းဖောက်ပျက်မှုကြောင့် အဖမ်းခံရတဲ့ချလန်ကို အမှတ်တရ သိမ်းဆည်းထားတယ်လို့ မိဘတွေက ပြောကြားခဲ့ပါတယ်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...