Thursday, April 20, 2017

ပါးစပ်နဲ့ စံချိန်ပေါင်း (၄၈) ခု တင်ထားတဲ့ ကျောင်းဆရာ

 
အိန္ဒိယ နိုင်ငံသား ဒင်နက်ရှ်ပာာ ပါးစပ်ပေါက်ကို အသုံးပြုပြီး စံချိန်ပေါင်း (၄၈) ခု တင်ထားပါတယ်။ မွမ်ဘိုင်းမြို့မှာ နေထိုင်တဲ့ ဒင်နက်ရှ်ဟာ သိပ္ပံဘာသာရပ်ကို သင်ကြား ပို့ချပေးနေတဲ့ ကျောင်းဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒင်နက်ရှ်ရဲ့ စွမ်းဆောင်ရည်ကို ကြားသိပါက မယုံနိုင်အောင် ဖြစ်သွားပါလိမ့်မယ်။ ပါးစပ်ထဲကို ခဲတံ(၉၂) ချောင်း ထည့်သွင်းခြင်း၊ စပျစ်သီး (၉၆)လုံး ထည့်သွင်းခြင်း၊ ဂေါက်သီး (၅) လုံး ထည့်သွင်းခြင်းစတဲ့ စွမ်းဆောင်ရည် တွေကို ပြုလုပ်ပြခဲ့ပါတယ်။
             ဒါကြောင့် ဒင်နက်ရှ်ကို ပါးစပ်ကြီးလို့ အမည်ပြောင် ပေးထားခြင်း ဖြစ်ပါတယ်။ ဒင်နက်ရှ်က ပါးစပ်နဲ့ ပြုလုပ်နိုင်တဲ့ အရာအားလုံးကို စံချိန် ချိုးဖျက်နိုင်ဖို့ အိပ်မက် မက်ထားကြောင်း ပြောကြားခဲ့ပါတယ်။
           အရပ် (၆)ပေ၊ (၆) လက်မရှိတဲ့ ဒင်နက်ရှ်ပာာ အိန္ဒိယနိုင်ငံမှာ ထင်ရှားသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့စွမ်း ဆောင်ရည်တွေဟာ အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။ ဒင်နက်ရှ်ဟာ ၂၀၁၀ မှာ အမေရိကန် လူမျိုးဒီဖာဇီယို ပါးစပ်ထဲကို ခဲတံ (၇၀) ချောင်းထည့်တာကို တီဗွီကနေ ကြည့်ရူပြီး နောက်ပိုင်း ဒီလိုမျိုးလုပ်ဖို့ စိတ်အား ထက်သန်ခဲ့ပါတယ်။

            ဒီနောက် ဒင်နက်ရှ်ဟာ ခဲတံတွေကို ပါးစပ်ထဲ ထည့်ဖို့ ကြိုးစား လေ့ကျင့်ခဲ့ပါတယ်။ ဒီလို လေ့ကျင့်ရာကနေ စံချိန်တွေ ချိုးနိုင်တဲ့ အခြေအနေကို ရောက်လာတာ ဖြစ်ပါတယ်။ ဒင်နက်ရှ်က မိမိအနေဖြင့် ပါးစပ်ထဲကို အရာဝတ္ထုတွေ ထည့်သွင်းဖို့ ပြုလုပ်ရာမှာ အကန့်အသတ်များ ရှိခဲ့ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်စေဖို့ ယောဂ လေ့ကျင့်ခန်း များကိုလည်း ပြုလုပ်ခဲ့ရကြောင်း၊ ပါးစပ် မှာရှိနေတဲ့ ကြွက်သားတွေ ကောင်း မွန်လာစေဖို့ နှိပ်နယ်မူတွေ အမြဲ ပြုလုပ်ရကြောင်း၊ နေ့စဉ် လေ့ကျင့်ခြင်း အကျိုးဆက်ကြောင့် စံချိန် အများအပြား ချိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
             ဒင်နက်ရှ်က မိမိအနေဖြင့် ပါးစပ်လေးပေါက် ရှိနေသလိုမျိုး ပြင်ဆင် ထားရကြောင်း၊ ပထမဆုံး အနေဖြင့် ဆိုက်နံပါတ် (၂) ခဲတံ (၁၀၀) ချောင်းကို ၀ယ်ယူပြီး ပါးစပ်ထဲကို အချောင်း (၅၀) ထည့်သွင်းခဲ့ကြောင်း၊ အလွန် နာကျင်ခဲ့ကြောင်း၊ သို့သော်လည်း စံချိန် ချိုးဖျက်ရမယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အခက်အခဲတွေကို ကျော်ဖြတ် နိုင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...