Thursday, April 20, 2017

ဂီတတူရိယာပစ္စည်း (၈)မျိုးကို တီးခတ်နိုင်စွမ်းရှိတဲ့ အသက်(၇)နှစ်အရွယ် ကလေးငယ်


အသက် ခုနစ်နှစ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ ဂီတစွမ်းရည်ကို အင်တာနက်ကနေတစ်ဆင့် ထုတ်ဖော် ပြသခဲ့ရာ ချီးကျူးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
            ကနေဒါနိုင်ငံမှာနေထိုင်တဲ့ ဂျော်ဒန်ဘီဂျန်ဟာ အသက် ငါးနှစ်အရွယ်ကတည်းက အင်တာနက်ပေါ်မှာ ဗီဒီယိုဖိုင်တွေတင်ပြီး သူ့ရဲ့ ဂီတစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄မှာ တင်ရှိခဲ့တဲ့ ဟစ်ဟော့ပ်သီချင်းတစ်ပုဒ်ဟာလည်း အင်တာနက်မှာ အလွန်ရေးပန်းစား သွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ အဲဒီနောက်ပိုင်း ဂီတသီချင်းပေါင်း များစွာကို ဖျော်ဖြေမှုတွေပြုလုပ်ခဲ့ပါတယ်။   တစ်ချိန်တည်းမှာပဲ အင်တာနက်မှာ ထင်ရှားတဲ့ ဂီတပညာရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တင်ရှိခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် အားလုံး အံ့အားသင့်သွားခဲ့ရပါတယ်။
             ဘာဖြစ်လို့လဲဆိုတော့ ဂျော်ဒန်ဘီဂျန်ဟာ ဂီတတူရိယာပစ္စည်း ရှစ်မျိုးကို ကျွမ်းကျင်စွာ တီးခတ်သွားပြခဲ့တာကြောင့် ဖြစ်ပါတယ်။ သူဟာ ရေနွေးကရားအိုး၊ အုန်းသီးစတဲ့ အရာဝတ္ထုပစ္စည်းတွေကိုလည်း ဂီတသံစဉ်အမျိုးအစားပေါ်ထွက်အောင် တီးခတ်သွားခဲ့ပါတယ်။ နောက်ပြီး သူဟာ ဒရမ်၊ ပီယာနို၊ ဂီတာ၊ ဘေ့စ် ဂီတာ စတာတွေကိုလည်း ကျွမ်းကျင်စွာ တီးခတ် နိုင်စွမ်းရှိပါတယ်။ အထူးခြားဆုံးကတော့ သူဟာ အသံအမျိုးမျိုးထွက်ပြီး ဟာမိုနီ လိုက်စွမ်းရှိခြင်းပဲဖြစ်ပါတယ်။ သူဟာ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဒ်တစ်ခုကို တည်ထောင်ထားပြီး ဘရူနိုမားစ်နဲ့ မိုက်ကယ် ဂျက်ဆင်တို့ကို အကြိုက်ဆုံးဖြစ်ကြောင်း ရေးသားဖော်ပြမှု ပြုလုပ်ထားပါတယ်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...