Gemological Institute of America ရဲ့အကဲဖြတ်ချက်အရ အဆိုပါစိန်ဟာ တွေ့ရှိဖူးသမျှထဲမှာ အကြီးဆုံးဖန်စီပန်းရောင် အပြစ်အနာအဆာမရှိ စိန်ဖြစ်ပါသည်။

"Pink Star" “ပန်းရောင်ကြယ်”လို့အမည်ရတဲ့စိန်ကို ၁၉၉၉ ခုနှစ်က အာဖရိကတိုက် စိန်တွင်းတစ်ခုမှ ဒီဘီးယားက တူးဖော်ရရှိခဲ့ကာ စိန်ရိုင်းတုံးဘ၀တွင် ၁၃၂.၅ ကာရက် ရှိပါသည်။ နှစ်နှစ်ကြာသွေးယူခဲ့ရပြီးနောက် ၅၉.၆ ကာရက်ရှိ စိန်ကို ရရှိခဲ့ပါသည်။

၂၀၁၃ နိုဝင်ဘာလက နယူးယောက် စိန်လုပ်ငန်းရှင် အက်ဆက် ၀ုဖ်မှ ဒေါ်လာ ၈၃ သန်း ပေးပြီးလေလံဆွဲခဲ့ကာ ၊ နောက်ပိုင်းတွင် ၀ယ်ယူရန်လက်လျှော့ပြီး လေလံကို ဖျက်သွားခဲ့ဖူးကြောင်းလည်း သိရပါသည်။ ထို့နာက် ယခုဟောင်ကောင် လေလံတွင် ကမ္ဘာ့စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းထွက်သွားခဲ့ပေမယ့် ယခင်လေလံပွဲတွင် ရရှိခဲ့သော ဈေးလောက်တော့ မရခဲ့ပါ။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။