Tuesday, October 18, 2016

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်အတွင်း တရားထိုင်နေသည့် ဘုန်းကြီးရုပ်ခန္ဓာတွေ့ရှိ

နှစ်တစ်ထောင်ခန့်ရှိပြီဟု ယူဆရသော ဗုဒ္ဓရုပ်ပွားတော်အတွင်း ဘုန်းကြီးတစ်ပါး၏ ရုပ်ခန္ဓာ တွေ့ရှိရသည် ဟု ဟော်လန်အခြေစိုက် သုတေသနအဖွဲ့က ဖေဖော်ဝါရီ ၂၂ရက်တွင် အတည်ပြုခဲ့သည်။
http://i1183.photobucket.com/albums/x474/konay1/general/10993400_795118493890502_1372182234756688199_n.jpg
ဗုဒ္ဓဘာသာ ဝင်များ၏ ယဉ်ကျေးမှု အနုပညာကို အထူးပြုလေ့လာနေသည့် သုတေသီ အဲရစ်ဘရိုင်း ဦးဆောင်သော အဖွဲ့မှာ CT scan မရိုက်မီကတည်းက ဗုဒ္ဓရုပ်ပွားတော်အတွင်း မပျက်စီးသေးသည့် ရုပ်ခန္ဓာ တွေ့ရှိမည်ဟု တွက်ဆခဲ့ကြပြီး ဟော်လန်နိုင်ငံရှိ Meander ဆေးသုတေသနဌာနတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ် သည်။
http://i1183.photobucket.com/albums/x474/konay1/general/10403219_795118500557168_1671023642288108445_n.jpg
သို့သော် CT scan နှင့်ခန္ဓာကိုယ်အတွင်းပိုင်း အထူးပြု ဓာတ်မှန် ရိုက်ကြည့်ရာတွင် တရားထိုင်နေဟန်ရှိ သည့် ဘုန်းကြီး၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပျောက်ဆုံးနေသည့် အတွက် သုတေသီများ အံ့အား သင့်နေကြောင်းNL Time သတင်းစာက ဖော်ပြထားသည်။

http://i1183.photobucket.com/albums/x474/konay1/general/10981645_795118497223835_5804711588865656581_n.jpg
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အတွင်း တရုတ်ဘာ သာဖြင့် ရေးသားထားသော စာရွက်အပိုင်းအစများ တွေ့ရှိရပြီး ယခု တွေ့ရှိရသည့် ရုပ်ခန္ဓာမှာ တရုတ်နိုင် ငံ ပေကျင်းမြို့ရှိ လီကွမ်းဗုဒ္ဓစွယ်တော် ကျောင်းတိုက်မှ ဆရာတော်ဖြစ်မည်ဟု သုတေသီများက ခန့်မှန်းထား သည်။ ဗုဒ္ဓရုပ်ပွားတော်အတွင်း တွေ့ရှိရသည့် ရုပ်ခန္ဓာမှ အရိုးနမူနာကို DNA စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit:ရိုးရာလေး

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...