၁။ Tiger's Nest Monastery (Bhutan)

ဘူတန်နိုင်ငံမှာတည်ရှိတဲ့ တောင် အလယ် ချောက်ကမ်းပါးဘေး ၊ ကျောက်နံရံမှာကပ်ပြီး တည်ဆောက်ထားတာပါ။ ဘူတန်နိုင်ငံ Paroတောင်ကြားချိုင့်ဝှမ်းမှ အထက် 700 meters (2,300 ပေ) အမြင့်မှာတည်ရှိပါတယ်။တရားဝင် မှတ်သားမှုအရ 1692 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘုရားကျောင်းအကြောင်းအရာကို နေခရမ်းဆိုဒ်မှာ တင်ပေးဖူးပါတယ်။
၂။Madonna del Sasso Monastery (Switzerland)

ဆွတ်ဇာလန်နိုင်ငံမှာတည်ရှိ ပြီး ၁၇ ရာစု ကတည်းက တည်ဆောက်ပြီးစီးခဲ့ပါတယ်။
၃။ Yumbulagang Monastery (Tibet)

တိဘတ် ၊ လာဆာမြို့ရဲ့အရှေ့တောင်ဘက် 192 km မှာတည်ရှိတဲ့ ဘုရားကျောင်းပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်လောက်ကတည်းက စတင် ခဲ့တယ်လို့ ဆိုကြပြီး လိုအပ်သောတည်ဆောက်မှုတွေကို အပြီးသတ်ခဲ့တာကတော့ ၁၉၈၀ ခုနှစ်မှာပါ။
၎။ Gregoriou Monastery (Greece)

ဂရိနိုင်ငံမှာ တည်ရှိတဲ့ဒီဘုရားကျောင်းကတော့ တောင်ပေါ်မှာမဟုတ်ပဲ တောင်ခြေ
ရေကမ်းစပ် မှာ ကပ်ကပ်သပ်သပ် တည်ဆောက်ထားပါတယ်။
၅။ Metéora Monastery (Greece)

ဂရိနိုင်ငံမှာ ပင် တည်ရှိပြီး တောင်ပေါ်မှာ တည်ဆောက်ထားပါတယ်။ ဒီအကြောင်းအရာများကို ထူးခြားလှပတောင်ပေါ်မြို့ကလေးများတွင် တင်ပေးထားပါသည်။ ဒီပုံလေးဆိုရင် မြန်မာပြည်က ပုပ္ပါးတောင်ကလပ် နဲ့ဆင်တယ်နော်။
၆။ Gradac Monastery (Serbia)

ဆာဗီးယားနိုင်ငံမှာတည်ရှိတဲ့ ဒီဘုရားကျောင်းအဆောက်အဦ က ၁၃ ရာစုလောက်က စတင်တည်ဆောက်ခဲ့တာပါ။ ဒီဘုရားကျောင်းမှာ ၁၂-၁၆ ရာစုနှစ်များအတွင်း ဥရောပ အနောက်ခြမ်းတွင် တွေ့မြင်ရသော ဗိသုကာပညာလက်ရာများ ရှိပါတယ်။
၇။ Ngaphechaung Monastery
ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း)(အင်းလေး)

မြန်မာပြည်ထဲက ဘုန်းတော်ကြီးကျောင်းတွေထဲမှ အင်းလေးဒေသရှိ ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း)ကို ထူးခြားစာရင်းထဲမှာထည့်သွင်း ထားတာတွေ့ရပါတယ်။ ratestogo ၀က်ဆိုဒ် နှင့် oddee ၀က်ဆိုဒ်နှစ်ခုလုံးတွင် စာရင်းထည့်သွင်းထားပါတယ်။ ၁၈၅၀ ခုနှစ်လောက်တည်းက တည်ဆောက်ထားသော ဒီကျောင်းလေး၏ ကမ္ဘာကျော်ရသော အကြောင်းအရင်းများတွင် ကြောင်ခုန်ကျောင်း ဆိုသော ဝေါဟာရ ကလည်း ပါဝင်ပါတယ်။ ဒီကျောင်းမှာ မွေးမြူထားသော ကြောင်လိမ္မာလေးများဟာ ကွင်းဝိုင်းတွေထဲကို ခုန်ပျံကျွမ်းထိုးခြင်းကို ကျွမ်းကျင်ကြပါတယ်။ အင်းလေးဒေသဆိုတာကတော့ လူနေအိမ်များပင်မက ၊ ဘုရားများ ၊ ကျောင်းများ ၊ စိုက်ပျိုးရေးလုပ်ငန်းများပါ ရေပေါ်တွင် တည်ရှိနေထိုင်ကြတဲ့ ကမ္ဘာကျော်ဒေသတစ်ခု ဖြစ်ပါတယ်။

၈။ Popa Taungkalat Shrine

နောက်ထပ်မြန်မာပြည်မှ စာရင်းတွေထဲမှာပါတာကတော့ ပုပ္ပါးတောင်ကလပ်ပေါ်မှ စေတီပုထိုး ဘုရားကျောင်းများပါ။ ပင်လယ်ရေမျက်နှာပြင်အထက် 1518 metres (4981 ပေ)မြင့်ပါတယ်။
ပုပ္ပါးတောင်ပတ်သက်ပြီး ကျွန်တော်တို့မြန်မာတွင် ရာဇ၀င်သမိုင်းကြောင်းများစွာရှိပါတယ်။ ၃၇ မင်းနတ်တို့နှင့် မင်းမဟာဂီရိနတ်နန်းများ လည်းတောင်ခြေမှာ ရှိကြောင်းကို နိုင်ငံခြား ၀က်ဆိုဒ်များတွင်ပါရေးသားထားကြပါတယ်။ ratestogo ဆိုဒ်နှင့် listphobia ဆိုဒ် ၊ wiki တို့တွင် ရေးသားထားကြပါတယ်။

၉။ Montserrat Monastery, Spain

စပိန်နိုင်ငံ မှာ တည်ရှိပါတယ်။
သူငယ်ချင်းတို့အတွက် အတက်နိုင်ဆုံးရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ တစ်ချို့ကွဲလွဲချက်များကို အဆင်ပြေအောင် စုစည်းပြီးတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ အချက်အလက်တွေများစွာရှိပါတယ်။
ဒါပေမယ့် ကမ္ဘာက သိပြီးမှတ်တမ်းတင်ထားတာတော့ နည်းပါတယ်။ သူတို့သိအောင် အင်တာနက်မှာတင်ပေးသင့်ပါတယ်။ ဒါမှသာ မြန်မာပြည်အကြောင်း များစွာသိရှိကြမှာပါ။ အခုတော့ မြန်မာပြည်က အကြောင်းအရာများကို အင်တာနက်တွင် ရှာဖွေလျှင် ပြည့်စုံအောင်ရေးထားတာ အလွန်နည်းသလို ပုံများရှာရတာလည်း ခက်ပါတယ်။ မြန်မာပြည်က ဒေသ တွေအကြောင်းကို အင်တာနက်ပေါ်မှာ အင်္ဂလိပ်လိုရေးထားတာကို ဘာသာပြန်ပြီး ပြန်ရေးနေရတာ စိတ်ထဲမှာ မကောင်းဘူးဗျာ။ အထူးသဖြင့်နေခရမ်း မရောက်ဖူးတဲ့ဒေသ တွေဆိုရင် တော်တော် ခက်ခဲပါတယ်။ ကျွန်တော်စဉ်းစားမိတာကို ချရေးမိတာပါ။ အမှားပါရင်ခွင့်လွှတ်ပါလို့တောင်းပန်ရင်း...
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။