Saturday, September 2, 2017

အပျော့ပြောင်းဆုံး စကိတ်စီးမယ်


စကိတ်စီးရာမှာ Limbo စကိတ်စီး နည်းဟာ အခက်ခဲဆုံးအဖြစ် သတ်မှတ်ထားပါတယ်။ ဒီစကိတ်စီးနည်းကို စီးနိုင်ဖို့ စကိတ်စီး ကျွမ်းကျင်ရမှာ ဖြစ်သလို ကိုယ်ခန္ဓာပျော့ပြောင်းဖို့လည်း လိုပါတယ်။ Limbo ဆိုတာ လက်တင်အမေရိက အကတစ်မျိုး ဖြစ်ပါတယ်။ တန်းအောက်ကို ကိုယ်ခန္ဓာပျော့ပြောင်းပြီး ၀င်သွားကာ ကပြရခြင်း ဖြစ်ပါတယ်။ ဒီကကွက်ကို အခြေခံပြီး Limbo စကိတ်စီးနည်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်မှာ နေထိုင်တဲ့ ကွန်နာဟာ အပျော့ပြောင်းဆုံး စကိတ်စီးမယ် အဖြစ် သတ်မှတ် ခံထားရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက် (၁၉)နှစ် အရွယ်ရှိ ကွန်နာဟာ ငယ်စဉ်ကတည်းက ပြကွက်ဆန်းတွေ ပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

          ယနေ့ အချိန်အထိလည်း အကောင်းဆုံး ပြုလုပ်နိုင်ဆဲ ဖြစ်ပါတယ်။ ကွန်နာဟာ မြေကြီးနဲ့ တစ်ပေ အကွာသာရှိတဲ့ တိုင်အောက်ထဲကို စကိတ်စီးပြီး ၀င်ရောက်နိုင်ဆဲ ဖြစ်ပါတယ်။ ဒီလိုပြကွက်ဟာ အသက် ငယ်ရွယ်သူတွေ လုပ်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ အရိုးတွေဟာ ပျော့ပြောင်းနေတာကြောင့် လိုသလို လုပ် ဆောင်နိုင်ပါတယ်။ ကွန်နာဟာ အသက် (၁၁)နှစ် အရွယ်မှာ ကမ္ဘာ့စံချိန်တင်မယ့် ပြကွက်ကို ပြသခဲ့ပါတယ်။ ဒီပြကွက်ကတော့ (၁၂)ပေရှည်တဲ့ တစ်ပေအောက် တိုင် (၂၃ ) ချောင်းအောက်ကို စကိတ် စီးပြီး ၀င်ရောက် ခဲ့တာ ဖြစ်ပါတယ်။ အလွန် အံ့အားသင့်စရာ ကောင်းတဲ့ ပြကွက် ဖြစ်ပါတယ်။ ကွန်နာဟာ အသက် လေးနှစ်အရွယ် ကတည်းက စကိတ်စီးနည်းကို သင်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် Limbo စကိတ်စီးနည်းကို လေ့လာ သင်ယူ ခဲ့ပါတယ်။ ရက်သတ္တပတ် တစ်ပတ်ကို အနည်းဆုံး (၁၅) နာရီ လေ့ကျင့်မှု ပြုလုပ် ခဲ့ပါတယ်။ ဒါကြောင့်  ကွန်နာကို Limbo Queen လို့ ခေါ်ဆို ခဲ့ခြင်း ဖြစ်ပါတယ်။
          လက်ရှိ အချိန်မှာ ကွန်နာဟာ မော်ဒယ်နဲ့ သရုပ်ဆောင် အလုပ်ကို လုပ်ကိုင်နေပြီး ရှေ့နေတစ်ဦး ဖြစ်ဖို့လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကွန်နာဟာ အခမ်းအနားတွေနဲ့ ပြပွဲတွေမှာလည်း Limbo စကိတ်စီး နည်းကို စီးပြပြီး ၀င်ငွေ ရှာလေ့ ရှိကြောင်း သိရပါတယ်။
Credit:messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...