Saturday, September 2, 2017

ကောင်းကောင်း ငိုခဲ့ပြီးနောက် ပိုမိုစိတ်လက်ပေါ့ပါး ပျော်ရွှင်ရဟုဆို


ရယ်မောခြင်းသည် အကောင်းဆုံးဆေး ဖြစ်ကြောင်း ပြောဆိုမှု ရှိခဲ့သည်။ သို့သော် ကောင်းကောင်း ငိုလိုက်ရလျှင်လည်း စိတ်ပျော်ရွှင်မှု ရစေတတ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားပြီ ဖြစ်သည်။
          ရုပ်ရှင်ကြည့်နေရင်း ငိုကြသူများသည် ရုပ်ရှင်ပြီးနောက်တွင် ပိုမို ပျော်ရွှင်ရတတ်ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။ ငိုခြင်းကြောင့် ဦးနှောက်တွင်းရှိ ဓာတုပစ္စည်းများတွင် အပြောင်းအလဲပေါ်ပြီး စိတ်လက် ပေါ့ပါးမှု ဖြစ်ခြင်း ဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောသည်။ ကောင်းကောင်း ငိုပြီးနောက်တွင် ပျော်ရွှင်အောင် အတင်း လုပ်ယူသောကြောင့်ဟုလည်း တချို့က ဆိုကြပြန်သည်။
          မည်သို့ပင်ဆိုစေ ကောင်းကောင်း ငိုပြီးနောက်တွင် စိတ်လက် ပေါ့ပါးခြင်းတော့ ဖြစ်သည်က အမှန်ပင်ဖြစ်သည်။ ၀မ်းနည်းဖွယ် ကောင်းသော ရုပ်ရှင်ကား နှစ်ကားအား အမျိုးသားနှင့် အမျိုးသမီး (၆၀) ခန့်ကို ကြည့်ရှုစေပြီး ကြည့်ရှုနေစဉ် ဗီဒီယိုမှတ်တမ်း တင်ထားခဲ့သည်။

          ရုပ်ရှင်ကား စတင်ချိန်နှင့် ပြီးဆုံးချိန်များတွင် မည်ကဲ့သို့ ခံစားရသည် ကိုလည်း အလေ့လာခံများအား မေးမြန်းခဲ့သည်။  Hachi: A Dog’s Tale ရုပ်ရှင်ကားကို ကြည့်ပြီးနောက် အလေ့လာခံ (၆၀) ရာခိုင်နှုန်းက ငိုခဲ့ကြသည်။ ရုပ်ရှင်ကားမှာ သခင်ဖြစ်သူ သေဆုံးပြီးသော်လည်း သခင်အပေါ် သစ္စာရှိနေဆဲ ဖြစ်သည့် ခွေးလေး တစ်ကောင်၏ ဇာတ်လမ်း ဖြစ်သည်။
          နောက်တစ်ကားမှာ ၁၉၉၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Life is Beau အင်ကူ အမည်ရှိ အလွမ်းအသော ဇာတ်ကား ဖြစ်သည်။ ကြည့်ရှုသူ (၄၅) ရာခိုင်နှုန်းက ငိုခဲ့ရကြောင်း ပြောဆိုခဲ့သည်။
          အမျိုးသမီးများသည် အမျိုးသားများထက် ငိုနိုင်ခြေပိုများကြောင့် ဗီဒီယို မှတ်တမ်းကို လေ့လာပြီး တွေ့ရှိခဲ့သည်။ ရုပ်ရှင်ကြည့်နေချိန်တွင် မငိုခဲ့သူများက ဘာမှ မခံစားရကြောင်း ပြောဆိုခဲ့သည်။ နည်းနည်းသာ ငိုခဲ့သူများမှာလည်း ရုပ်ရှင် ပြီးနောက်တွင် ယခင်ကထက်ပင် ပို မိုစိတ်ပျက် ကြသည်ကိုလည်း တွေ့ရှိခဲ့သည်။
          ရုပ်ရှင် ကြည့်နေချိန်တွင် ကောင်းကောင်း ငိုခဲ့သူများသည် ရုပ်ရှင်ပြီးနောက် မိနစ် (၂၀) အတွင်း စိတ်လက် ပေါ့ပါးလာပြီး ပျော်ရွှင်လာရကြောင်း တွေ့ရှိခဲ့သည်။ တစ်နာရီခန့်တွင်မူ ယခင်ကထက် နေရထိုင်ရ ပိုအဆင်ပြေကြောင်း လေ့လာ တွေ့ရှိခဲ့သည်ဟု Motivation and Emotion ဂျာနယ်တွင် ဖော်ပြထားသည့် စာတမ်းတွင် ရေးသားထားသည်။
          ကောင်းကောင်း ငိုလိုက်ရသောကြောင့် ဦးနှောက်တွင်းရှိ ကောင်းမွန်သော ခံစားချက်ကို ဖြတ်စေသည့် အောက်ဇီတိုစင် ဓာတ်ထွက်ရှိ လာသောကြောင့်သာ ယခုကဲ့သို့ ပျော်ရွှင်ရခြင်း ဖြစ်ကြောင်း နယ်သာလန် နိုင်ငံ တီလ်ဘာ့ခ် တက္ကသိုလ်မှာ သုတေသန ပညာရှင် အက်စ်ရ် ဂရာဆာနင်က ပြောဆိုခဲ့သည်။ 
  Source:DM
Credit:messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...