
တရုတ်နိုင်ငံ၊ ချောင်ကွင်းမြို့မှာရှိတဲ့ အများသုံး သန့်စင်ခန်းဟာ အကြီးဆုံး အဖြစ် သတ်မှတ်ခံထားရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အများသုံး သန့်စင်ခန်းကို စတုရန်း ပေ (၃၀၀၀၀) မှာ တည်ဆောက် ထားပြီး သန့်စင်ခန်းပေါင်း (၁၀၀၀)ကျော် ပါဝင် ပါတယ်။ သန့်စင်ခန်း တွေကို မတူညီတဲ့ ပုံစံတွေ နဲ့ တည်ဆောက် ထားပြီး အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ထား ပါတယ်။ သန့်စင်ခန်း လာရင်း သာယာတဲ့ သီချင်းတွေ ကိုလည်း နားထောင် နိုင်အောင် ပြုလုပ်ပေးထား ပါတယ်။ သန့်စင်ခန်း တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ထားပြီး လက်ဆေးတဲ့ နေရာတွေ ကိုလည်း ထည့်သွင်းပေးထား ပါတယ်။ ကျင်ငယ်စွန့်တဲ့ နေရာတွေမှာ မတူညီတဲ့ ကြွေခွက်တွေ ပြုလုပ်ထားပြီး မိကျောင်းခေါင်း ပုံစံတွေလည်း ထည့်သွင်းထား တာကြောင့် လာရောက်သူတွေ အတွက် အသစ်အဆန်း သဖွယ် ခံစားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ခေတ်မီ ရေချိုးခန်း တွေလည်း ပါဝင် တာကြောင့် အဆင့်မီအများ သုံး အိမ်သာ အဖြစ် သတ်မှတ်ခံထားရ ပါတယ်။ ဒီအများသုံး သန့်စင်ခန်းကို လေးထပ်ဆောက် လုပ်ထားတာ ဖြစ်ပါတယ်။ ဒီအများသုံး သန့်စင်ခန်းကို လူစည်ကားတဲ့ နေရာတွေမှာ ဆောက်လုပ် ထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အများသုံး သန့်စင်ခန်းတွေ အပြင် အများသုံး ရေချိုးကန် တွေလည်း တည်ဆောက် ပေးထား ပါတယ်။
Credit : messenger journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။