Friday, April 8, 2016

အမျိုးအမည်မသိရသော ပျံသန်းနေတဲ့အရာဝတ္ထုကြောင့် ဂျာမနီမှာ လေကြောင်းခရီးစဉ် အများစု နှောင့်နှေး၊ ဖျက်သိမ်းခဲ့ရ

planeufos
အမျိုးအမည်မသိပျံသန်းနေသောအရာဝတ္ထု (UFO) တစ်ခုကို ရေဒါမှာ မြင်တွေ့ နေရတာကြောင့် ဂျာမနီ လေဆိပ်ရဲ့ လေကြောင်းခရီးစဉ်အများစု နှောင့်နှေးခဲ့ရပြီး ခရီးစဉ်တစ်ခု ကို ဖျက်သိမ်းလိုက်ရပါတယ်။ဒီ အမည်မဖော်နိုင်တဲ့ ထူးဆန်းတဲ့အရာဝတ္ထုဟာ ၂၀၁၄ ခုနှစ်
၁ လပိုင်း)
အင်္ဂါနေ့ ညနေ ၄ နာရီခွဲကနေ ၉ နာရီခွဲအထိ ဘရီမင် လေဆိပ် ရေဒါမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာပါ။ ရဲရဟတ်ယာဉ်တစ်စင်းကို လေထုထဲ စေလွှတ်ပြီး အဲဒီ့အရာဝတ္ထုကို သွားရောက်စုံစမ်းစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအမည်မဖော်နိုင်တဲ့ယာဉ်ဟာ ဘာမှန်းမသိခဲ့ရဘူးလို့ အာဏာပိုင်တွေက ထုတ်ဖော်ဝန်ခံခဲ့ကြပါတယ်။
ဂျာမန်လေကြောင်းထိန်းသိမ်းရေး ဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ Weser Kurier က “ အဲဒီအရာဟာ သာမန် အနီရောင် ၊ အစိမ်းရောင်ပုံစံမျိုးပဲရှိပါတယ်။ ဘေးနှစ်ဖက်မှာလည်း အချက်ပြမီးတွေကို တွေ့ ရပါတယ်” လို့  ပြောကြားခဲ့ပါတယ်။
မျက်မြင်တွေ့ ရှိခဲ့သူတစ်ဦးဖြစ်တဲ့ Dominique Hober ကလည်း ဒီအရာဝတ္ထုဟာ သူ့ အိမ်ပေါ်ကနေ လေးကြိမ်တိတိ ဖြတ်ပျံသွားခဲ့တာကို တွေ့ လိုက်ရတယ်လို့ ဆိုပါတယ်။ သူက “ ဒါဟာ လေယာဉ်တစ်စီး နဲ့  ပုံစံတူပါတယ်။ ဒါပေမယ့် သူ့ မှာ အလင်းရောင်တွေ အများကြီးရှိပြီး အသံလည်း တော်တော်ပိုကျယ်ပါတယ်” လို့ ဂျာမန်သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
၂၀၁၄ ခုနှစ် အစအတွင်းမှာပဲ ကမ္ဘာတစ်လွှားမှာ ဒီလို UFO လိုအရာဝတ္ထုတွေ တွေ့ ရှိတယ်ဆိုတဲ့ အမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။
Ref: mirror
Credit: trend myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...