
နယ်သာလန် နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ၊ တီထွင်မှုအတတ်ကို ၀ါသနာပါတဲ့ အင်ဂျင်နီယာကျောင်းသား ဘို့ ခ်ျ ဟာ ကမ္ဘာ့အကြီးဆုံးစက်ဘီးကို တီထွင်ခဲ့ပြီး ဂင်းနစ်စ်မှတ်တမ်း သွင်းခံခဲ့ရပါတယ်။

ပေါင်ချိန် ၁၆၅၀ ရှိပြီး ၊ “Monsterbike” လို့ အမည်ပေးထားတဲ့ စက်ဘီးကို သူကိုယ်တိုင် ဇာတိမြို့ Arnhem မှာ စီးနင်းပြခဲ့ပါတယ်။ ဒေါ်လာ သုံးသောင်းကျော် အကုန်ကျခံတည်ဆောက်ထားတဲ့ ဒီစက်ဘီးကို ဘို့ ခ်ျဟာ မြို့ ထဲ မှာ အမြဲလိုလို စီးနင်းလေ့ရှိတယ်လို့ သိရပါတယ်။
အထူးပြုလုပ်ထားတဲ့ ချိန်းကြိုးတွေအသုံးပြုထားတဲ့အတွက် လူတစ်ယောက်အင်အားနဲ့ အသာအယာ စီးနင်း နိုင်တယ်လို့ သိရပါတယ်။
Credit: trend myanmar
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။