Monday, August 27, 2012

တရုတ်ပြည်က ရွှေပြိုင်ကား


 
တရုတ်နိုင်ငံက ရွှေနဲ့လုပ်ထားတဲ့ ရွှေကားတစီးပါ။တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်- နန်ကျင်းမြို့မှာ ရွှေ ၂၄ ကာရက်နဲ့လုပ်ထားတဲ့ Nissan က ထုတ်လုပ်ထားတဲ့ ဇိမ်ခံပြိုင်ကား INFINITI G 37 ဆိုတာဖြစ်ပါတယ်။ကားပိုင်ရှင်ဟာ ကား မရပ်ရတဲ့နေရာမှာ ကားကို ရပ်လိုက်ပြီး ၁၀ မိနစ်လောက်ကြာတော့ ယာဉ်ထိန်းရဲ့က ကားကို ဖမ်းလိုက်တာပါ။ ကားပိုင်ရှင်ကတော့ အဲဒီလို ကားမရပ်ရ နေရာ ရပ်ထားတာကြောင့် ဒဏ်ငွေ ဆောင်
ပြီး ပြန်ရွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမြင်ကွင်းက လွန်ခဲ့တဲ့နှစ် မတ်လ ၂၉ ရက်နေ့က ပါ။
လူတွေကတော့ ကားပိုင်ရှင်ဟာ ရည်ရွယ်ချက်ရှိရှိ နံမည်ကြီးချင်တာလို့ ဒီလို လုပ်တာနေမှာလို့ ပြောနေကြတာ ပါ။
ဒါဟာ တမင် နာမည်ကြီးချင်လို့ လုပ်တာပဲဖြစ်တယ်လို့ လူတိုင်းပြောဆိုကြပါတယ်။ဒီရွှေပြိုင်ကားကို ပညာရှင်တွေ ၅ ဦးပေါင်းပြီး အချိန် ၄ လကြာ လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီလို ကားမျိုးဟာ လုံခြုံရေး အလွန်ကောင်းတဲ့ နေရာမှာဘဲ ရပ်လို့ ရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ တရုတ်ပြည်မှာလည်း နည်းတောင် နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
ဒီကားကို မြန်မာပြည်ဘက် ရွှေတွေနဲ့ လုပ်ထားတယ်၊ မလုပ်ထားဘူး ဆိုတာတော့ သတင်းထဲမှာ မပါတော့ မသိရပါဘူး။တရုတ်ပြည်က မြန်မာဆီက ကျောက်စိမ်းနဲ့ ရွှေချောင်းတွေလည်း ဈေးနှီမ်ဝယ်တာတွေများတော့ မြန်မာရွှေနဲ့များ လုပ်ထားသလားလို့ ဝေဖန်သူတချို့လည်း ရှိပါတယ်။
@IRRD B

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...