Friday, November 9, 2012

တစ်ကိုယ်တော် ကမ္ဘာပတ်ပြီး ရွက်လွှင့်ခဲ့သော ဆယ်ကျော်သက်လေး



တစ်နှစ်ကြာ ကမ္ဘာပတ်ရွက်လွှင့်ခဲ့သော အသက် ၁၆နှစ်အရွယ်ရှိ ဒတ်ခ်ျလူမျိုး ဆယ်ကျော်သက်လေး လော်ရာဒက်ကာသည် ဇန်နဝါရီလ ၂၁ ရက်တွင် အသက်အငယ်ဆုံး တစ်ကိုယ်တော် ကမ္ဘာပတ်ရွက်လွှင့်ခဲသူ အဖြစ်စံချိန်တင်ခဲ့သည်။သူမအိမ်ပြန်ခရီးစဉ်တွင် သူ့အဖေ၊ အမေ၊ မောင်နှမများနှင့် အဘိုး၊အဘွားများနှင့်အတူ သူ့ကိုအားပေးကြသော လူထုကြီးက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
''တစ်ခါတလေ ကျွန်မလုပ်နေတာတွေက အဓိပ္ပာယ်မရှိဘူးလားလို့ တွေးမိပေမယ့် ဘယ်တော့မှ ဇွဲမလျှော့ပါဘူး။ အဲဒါ ကျွန်မအကောင်အထည် ဖော်ချင်တဲ့ အိပ်မက်ပဲလား''ဟု သူမက ပြောပြပါတယ်။ ဒက်ကာ သည် အသက်အငယ်ဆုံး တစ်ကိုယ်တော် ကမ္ဘာပတ်ရွက်လွှင့်ခဲ့သူ ဖြစ်သော်လည်း ကမ္ဘာ့ဂင်းနစ်မှတ်တမ်းနှင့် ကမ္ဘာ့ရွက်လွှင်စံချိန် မှတ်တမ်းကောင်စီတို့ကမှု အသက်ငယ်ရွယ်သော ရွက်လွှင့်သူများကို အားပေးအားမြှောက် မလုပ်လို၍ သူမကို မှတ်တမ်းတင်ပေးခြင်း မလုပ်ခဲ့ဟုဆိုသည်။
ဒတ်ခ်ျအာဏာပိုင်များကလည်း သူမအနေဖြင့် ယင်းသို့ ကိုယ့်ဘဝကို စွန့်စားရန် ငယ်ရွယ်လွန်းသောကြောင့် ကျောင်းစာသင်ခန်းထဲတွင်သာ ရှိနေသင့်သည်ဟုဆိုကာ တားဆီးပိတ်ပင်ခဲ့ကြသေးသည်။ ဒက်ကာကမှု သူမငယ်စဉ်ကတည်းက သဘောင်္ပေါ်တွင်သာ ကြီးပြင်းခဲ့ကြောင်း၊ သူမအသက် ခြောက်နှစ်ကတည်းကတိုင် တစ်ကိုယ်တော် ရွက်လွှင့်ခဲဖူးကြောင်း၊ ယခုကဲ့သို့ တစ်ကိုယ်တော် ကမ္ဘာပတ်ရွက်လွှင့်ရန် ၁ဝနှစ်သမီး အရွယ်ကပင် မျှော်လင့်ခဲ့ကြောင်း ပြောကြားသွားသည်။ နောက်ဆုံးတွင် သူမအနေဖြင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဥဿဟတို့ကြောင့် ရည်မှန်းချက်များကို  အကောင်အထည် ဖော်ခွင့်ရခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...