Thursday, October 17, 2013

ဝိုင်ဖိုင်၊ တီဗီ၊ ရေဒီယိုနှင့် ဆဲလ်ဖုန်းများ မသုံးရဟု တားမြစ်ထားသည့်မြို့


အမေရိက အနောက်ဗာဂျီးနီးယား ပြည်နယ်ရှိ ဂရင်းဘန့်မြို့ငယ်လေးသည် တစ်မြို့လုံးတွင် လူဦးရေ ၁၄၉ ဦးသာ ရှိသည်။ သိပံ္ပပညာရှင်များသည် အာကာသထဲသို့ ဂြိုဟ်တု လွှတ်တင်နိုင်ရန် ထိုနေရာတွင် လုပ်ဆောင်ကြသည်။ လျှပ်စစ်ပစ္စည်းများက လှိုင်းများ ထုတ်လွှတ်သဖြင့် ထိုလှိုင်းများသည် ၄င်းတို့၏ အချက်သင်္ကေတ (signal) ကို နှောင့်ယှက်နိုင်သည်။ ထို့ကြောင့် ထိုဒေသတွင် ရေဒီယို၊ တီဗီ၊ ၀ိုင်ဖိုင်၊ ဆဲလ်ဖုန်းများနှင့် bluetooth မသုံးစွဲရပေ။ ဂရင်းဘန့်မြို့တွင် အကြီးဆုံး ရေဒီလှိုင်းဖမ်း ဂြိုဟ်တုစလောင်းကြီး The GreenBank Telescope ရှိသည်။ ထိုစလောင်းကြီးဖြင့် သိပံ္ပပညာရှင်များက ကြယ်နက္ခတ်နှင့် အာကာသကို လေ့လာကြသည်။

မြို့ပြဘ၀ကို နှစ်သက်စွဲလမ်းသော သူများအတွက် ထိုအချက်များသည် စိတ်ပျက်ဖွယ် ဖြစ်နေပေလိမ့်မည်။ သို့သော် လျှပ်စစ်သံလိုက်ဓာတ်ကို မခံနိုင်သောရောဂါ (EHS) ရှိသူများအတွက်မူ ထိုနေရာသည် နိဗ္ဗာန်ဘုံ ဖြစ်သည်။ Electromagnetic Hy-persensitivity (EHS) ရောဂါသည် ဆေးလောကက အသိအမှတ် မပြုထားသော ရောဂါဖြစ်သည်။ ထိုဝေဒနာရှင် ဒိုင်ယင်နာစခူက သူသည် လျှပ်စစ် ပစ္စည်းများကြောင့် ဖျားနာရသည်၊ ထိုပစ္စည်းများနှင့် ဓာတ်မတည့်ဟု ဆိုသည်။ ဂရင်းဘန့်မြို့မှာသာ သူနေနိုင်သည်ဟု ပြောကြားသည်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်သားများသာ ရေဒီယိုအသုံးပြုခွင့်ရှိပြီး ထိုမြို့တွင် အများသုံးဖုန်းတစ်လုံးသာ ထားရှိပေးထားသည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...