နေခရမ်း....
|
Thursday, October 17, 2013
ကာလကြာရှည်စွာ ပျောက်ဆုံးနေသော အီဂျစ်ပိရမစ်များကို Google Earth ဂြိုဟ်တုမြေပုံတွင် ရှာဖွေတွေ့ရှိဟု ဆို
အီဂျစ် သဲကန္တာရ တွင် ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော အီဂျစ်ပိရမစ်များကို Google ၏ မြေပုံဆော့ဖ်ဝဲဖြစ်သည့် Google Earth တွင် ရှာဖွေတွေ့ရှိ နိုင်ပြီဟု အမေရိကန် ဗိသုကာပညာရှင် အန်ဂျလာမီကော်က လက်တွေ့သက်သေပြခဲ့သည်။ Google Earth တွင် တင်ထားသော မြေပုံများကို သမိုင်း အထောက်အထားများနှင့် တိုက်ဆိုင်ကြည့်ရာတွင် Google Earth မှမြေပုံများသည် ပျောက်ဆုံးနေသော ပိရမစ်များ၏ တည်နေရာကို ညွှန်ပြနိုင်ကြောင် တွေ့ရသည်။
Google Earth ၏ မြေပုံတိုင်းတာသည့် ယူနစ်စကေးများကို တွက်ချက်ကြည့်ရာတွင် မြေပုံတွင် မို့မောက်နေသော အရာများသည် တောင်ထိပ်များပေါ်တွင်တည်ရှိနေသည့် ပိရမစ်များဖြစ်ကြောင်း အထောက်အထားများဖြင့် သက်သေပြနိုင်ခဲ့သည်။ ထို့ကြောင့် ယခုအခါ ပျောက်ဆုံးနေသည့် ပိရမစ် ၁၇ ခုကို Google Earth ၏ ကျေးဇူးကြောင့် ပြန်လည် ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီဟုဆိုသည်။ ထူးထူးခြားခြားအနေဖြင့် ပျောက်ဆုံးသွားသော ပိရမစ်များတွင် ဘီစီ ၂၇၀၀ ခန့်ကတည်းက တည်ဆောက်ထားခဲ့သည့်ရှေးဟောင်း ပိရမစ်များလည်း ပါဝင်သည်။
ref: ပြည်မြန်မာ
အကြောင်းအရာ
ထူးဆန်းအကြောင်းအရာများ
Subscribe to:
Post Comments (Atom)
တို့ ဂေါတမ မြတ်ဗုဒ္ဓမပွင့် ခင် အရင် ပွင့်တော်မူ
ReplyDeleteခဲ့တဲ့ ကဿပ မြတ်ဗုဒ္ဓရဲ့  ရုပ်ကလ္လာပ် တော်ကို
ဖူးတွေ့ခဲ့ရဖူးတယ်ဆိုရင် ယုံနိုင် ပါ့မလား။
သေချာတာက အမှန်တကယ်ဖူးမြင် ခဲ့ရတာပါ။
စဉ်းစားကြည့်ပေါ့ နောက်လည်းလာလည်ပါ့မယ်။
တစ်ခုကျန်သွားတယ် ဘုရားတစ်ဆူနဲ့
Deleteတစ်ဆူကြား အန္တရကပ်တွေခြားတယ်
ကမာတည်ပြီး အန္တရကပ် ၈ကပ်
မြောက်ကစပြီ ယခု ၁၁ ကပ်မြောက်ထိ
ဗုဒ္ဓလေးဆူပွင့်ခဲ့ပြီး သက်တော် သက်
တမ်းတိုသော တို့ ဂေါတမ မြတ်စွာဘု
ရားရှင် ရဲ့  ဓါတ်တော်များသာ ဓါတုပရိ
နိဗ္ဗာန်စံမှာဖြစ်ပါတယ်။ ရှေ့က ဗုဒ္ဓသုံး
ဆူရဲ့  ရုပ်ကလ္လာပ် တော်များသာ
ကမ္ဘာတည်သ ရွေ့ တည်မှာ ဖြစ်ပါတယ်။