Thursday, October 17, 2013

လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ဖိုင်ဘာမျှင်များဖြင့် တည်ဆောက်ထားသော မိုးမျှော်တိုက်များ


အမြင့်ရောက်လျှင် လေပိုတိုက်သည့် သဘောတရားကို အခြေခံထား၍ စတော့ဟုမ်းရှိ ဖိုင်ဘာမျှင် မိုးမျှော်တိုက်တွင် လေထဲ မျောလွင့်နေသော ဖိုင်ဘာမျှင်များကို တွေ့ရမည် ဖြစ်သည်။ လေတိုက်သည့် အလျောက် လှုပ်ယမ်းနေသည့် အဆိုပါ ဖိုင်ဘာမျှင်များ၏ တုန်ခါမှုမှ တစ်ဆင့် လျှပ်စစ်စွမ်းရည်ကို ရယူနိုင်ရန် စတော့ဟုမ်းရှိ သိပ္ပံပညာရှင်များက ကြံဆခဲ့ကြခြင်းပင် ဖြစ်သည်။ ယင်းမိုးမျှော်တိုက်တွင် တပ်ဆင်ထားသော ကာဗွန်မျှင်များကို လေပြည်လေညင်း တိုက်ခတ်ရုံမျှပင် လေထဲ လွင့်မျောနိုင်ရန် စီစဉ်ထားသည်။
အဆိုပါ မိုးမျှော်တိုက်ကို အချိန်ကာလ လိုက်ပြီး အရောင် ပြောင်းလဲ ထွန်းညှိသွားမည့် LED မီးများဖြင့် အလှဆင်ထားခြင်းကလည်း ကမ္ဘာလှည့် ခရီးသွားများ အတွက် စိတ်ဝင်စားစရာ နေရာတစ်ခု ဖြစ်လာစေသည်။ ကမ္ဘာလှည့် ခရီးသွားများကို လက်ယပ်ခေါ်သလို ဆွဲဆောင်နေသည့် ကာဗွန်မျှင်များဖြင့် ပြုလုပ်ထားသည့် အနာဂတ် မိုးမျှော်စီမံကိန်းကို ဒီဇိုင်း ရေးဆွဲခဲ့သူသည် စွန့်ဦးတီထွင်ပညာရှင် ဘီလက်ချူးပင် ဖြစ်သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...