Saturday, November 28, 2015

ကင်မရာလူသား (Human Camera)

http://i.imgsafe.org/640f8ec.jpg
ကင်မရာလူသား (Human Camera) ဟု အမည်ကျော်ကြားသော
ဗြိတိန် နိုင်ငံမှ Stephen Wiltshire အကြောင်းတင်ပြပေးချင်ပါသည်။

သူဟာ မှတ်ဥာဏ် အလွန်ကောင်းပြီး သူတွေ့ဘူးသော အကြောင်းအရာပုံရိပ်များကို
ခဲခြစ်ပန်းချီအဖြစ် အလွတ်ပြန်လည်ပုံဖော်နိုင်စွမ်းရှိသူဖြစ်ပါသည်။
ပြန်လည်၍ အလွတ်ရေးဆွဲပြီးချိန်တွင်လည်း အကွာအဝေါ်စကေးများတိကျမှန်ကန်မှု
ရှိပါသည်။ သူ့ကို ရေးဆွဲခိုင်းသည့် ပုံများသည် အလွယ်တကူရေးဆွဲနိုင်သော
ပုံများမဟုတ်ပဲ ရှုပ်ထွေးလှသော အရာဝတ္ထုမျိုးစုံပါဝင်သော မှတ်မိရန်ခက်ခဲသော
ပုံများကိုသာ ရေးဆွဲခိုင်းခြင်းဖြစ်ပါသည်။
http://i.imgsafe.org/6110e9c.jpg

၂၀၀၉ ခုနှစ်တွင် သူ့အား စမ်းသပ်မှု တစ်ခု ပြုလုပ်ခဲ့ပါသည်။
သူ့ကို (၇)စတုရန်းမိုင် ဧရိယာရှိသောလန်ဒန်မြို့ပေါ်မှာ ဟယ်ရီကော်ပတာ ဖြင့်
မိနစ်နှစ်ဆယ်ခန့် မြို့အနှံ့လှည့်လည်ပြသပေးပါသည်။
ထို့နောက်သူ့အား ၁၃ ပေ ရှည်သော ကင်းဗက်စ အရှည်ကြီး ပေါ်တွင်
လန်ဒန်မြို့၏ တိုက်တာရှုခင်းများနှင့် သဘာဝရှုခင်းများကို ပြန်လည်
ရေးဆွဲစေခဲ့ပါသည်။
http://i.imgsafe.org/61a6400.jpg
သူ ၅ ရက်ခန့်ရေးဆွဲပြီးချိန်တွင် ကြည့်ရှုကြသူ အားလုံးမှာ အံ့သြမှုနှင့်အတူ
သူ့ကို ချီးကြူးဂုဏ်ပြုခဲ့ကြပါသည်။ အကြောင်းမှာ အဆောက်အဦပေါင်း
ရာချီပါဝင်နေသော သူ၏ပန်းချီးကားရှည်ကြီးတွင် အဆောက်အဦများ၏
ကွာဝေးမှု ၊ အမြင့် စသည့် စကေးများမှာ အလွန်တိကျစွာ မှန်ကန်နေပါသည်။
ထို့ကြောင့်ပင် သူ့အား ကင်မရာလူသား (Human Camera) ဟု ကင်ပွန်းတပ်
ခေါ်ဝေါ်ခဲ့ကြပါသည်။
http://i.imgsafe.org/60c6470.jpg
သူသည် ဗြိတိန်နိုင်ငံသား မို့လို့ လန်ဒန်မြို့အကြောင်းရေးဆွဲနိုင်တာလားဟု
ထင်စရာရှိသော်လည်း သူသည် ကမ္ဘာနိုင်ငံ အများအပြားတွင် ထိုကဲ့သို့
ခဲခြစ်ပုံများ ရေးဆွဲခြင်းဖြင့် သူ၏ အစွမ်းကို ထုတ်ဖော်ပြသခဲ့ပါသည်။
http://i.imgsafe.org/637c067.jpg

http://i.imgsafe.org/6197eb1.jpgသူ၏ သည်သို့ထူးကဲလှသည့် စွမ်းရည်မှာ သူငယ်စဉ် အသက်သုံးနှစ်
လောက်ထဲက အခြားကလေးများနှင့်မတူ ကွဲပြားစွာဖြင့် ဖြစ်တည်လာသည်
ဟုဆိုပါသည်။ အသက်အရွယ် အနည်းငယ်ရချိန်တွင် သူဝါသနာပါရာ
ပန်းချီအနုပညာအထူးပြုကျောင်းတွင် တတ်ရင်းသူ၏ တစ်မူထူးသော
စွမ်းရည်များကိုပြသနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ………….. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...