Sunday, March 12, 2017

လျှာနဲ့  ကျန်းမာရေး

 နေမကောင်းဖြစ်လို့  ဆရာဝန်ဆေးခန်းပြတဲ့အခါ မှာ ဆရာဝန်တွေ အများစုကလျှာထုတ်ခိုင်းပြီး ဓါတ်မီးနဲ့  ထိုးကြည့် စစ်ဆေးတတ်ပါတယ်။
လျှာဟာ လူခန္ဒာကိုယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး ဖေါက်ပြန်နေတာ
ကို အလွယ်တကူသိနိုင်ပါတယ်။

လျှာကြည့်ပြီးစစ်ဆေးတဲ့နည်းဟာ ရှေးခေတ် အခါကတဲက တိုင်းရင်းဆေး ပညာရှင်တွေ ကျင့်သုံးတဲ့နည်းဖြစ်ပါတယ်။
ခေတ်ဦးကာလအတွင်း မှာ  မင်းမှုထမ်းနဲ့  ကျေးကျွန်တွေ ၀ယ်ယူရာမှာ လျှာကိုကြည့်ပြီး ကျန်းမာရေးကောင်းမကောင်း စစ်ကြပါတယ်။

(၁) ကျန်းမာရေးကောင်းတဲ့လျှာ
လျှာအရောင်းအဆင်းဟာ ပန်းနုရောင်ဖြစ်ပြီး ဆိုစွတ်နေပါတယ်၊ အစက်အပြောက်မရှိ၊ကွဲအက်မနေ ဘဲ ဖြစ်နေရင် ကိုယ်တွင်းမှာ ဘာရောဂါမှ
ကြီးကြီးမားမားမှမရှိဘူးဆိုတာသက်သေပြပါတယ်။

(၂)အဖြူနဲ့  အ၀ါရောင်သန်းပြီး မိုးကြိုးသွားကဲသို့ အစင်းကြောင်းတွေဖြစ်နေ
တဲ့လျှာအဆိုပါလက္ခာမှာအသဲမကောင်း၊အစာအိမ်ဝမ်းဗိုက်ဆိုင်ရာ  လေအောင့်လေနာဖြစ်၊

(၃)အဖြူရောင်နဲ့ အစက်အပြောက်တွေဖြစ်နေတဲ့လျှာ
ကူးဆက်ရောဂါတမျိုးရှိနေတယ်- ကိုယ်တွင်းမှာ အလုပ်လုပ်နေတဲ့  လည်ပါတ်မှု
အလုပ်ကောင်းကောင်းကောင်းမလုပ်ကြောင်း ပြသပါတယ်။

(၃)အ၀ါရောင်သန်းပြီးမစက်အပြောက်ဖြစ်နေသည့်လျှာ
အဖျားရှိမယ် -နေမကောင်းဖြစ်ပြီး ရာသီချိန် ဖြစ်တတ်တဲ့ ရောဂါ ရှိနေမယ်။

(၄) အ၀ါရောင် အစက်အဖုလေးတွေဖြစ်နေတဲ့လျှာ
သည်းခြေနဲ့ အသဲမှာ ထိခိုက်နေတာဖြစ် ပြီး ကိုယ်တွင်း အစာအဆိပ်ဖြစ်-

(၅)အဖြူရောင်ပြင်ဖြစ် ပါတ်ကြားအက်ပြီး လကမ္ဘာလို အနာဖြစ်နေတဲ့လျှာ
သွေးသားမကောင်း -ရောဂါ အခြေအနေဆိုးနေတာဖြစ်ပါတယ်၊ရောဂါပိုး
ကူးဆက်မှု့ များနေတာဖြစ်လို့  အရေးပေါ်ဆေးကုသပေးရပါမယ်။

(၆)ဖြူဖွေးခြောက်ကပ်နေပြီး ပါးလျနေတဲ့လျှာ
ကိုတွင်းအပူဓါတ်များ-သွေးလည်ပါတ်မှု မမှန်-စိုးရိမ်ခြင်း စိတ်ကျရောဂါ-မှတ်ညဏ်ပျက်ဆီးနေ။

(၇)နီရဲနေတဲ့လျှာ
အထူးသဖြင့် ကိုယ်အပူချိန်တက်နေမယ်(ခလေးများတွင် အများဆုံး တွေ့ နိုင်) - အလားတူ ကူးဆက်ရောဂါဖြစ်နေ
ပါတယ်၊နီရဲနေရာမှအမဲရောင်သန်းပါက ကျောက်ကပ် မကောင်း၊

(၈)အနီရောင်ဘုလေးများ တပြင်လုံးပေါက်နေတဲ့လျှာ
နှလုံးလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်နေတဲ့ လက္ခာလို့ ဆိုပါတယ်။

(၉)ရှာဘေးကွဲအက် လျှာ ဇောင်းတွေနီရဲရဲဖြစ်နေလျှာထိတ်အဖုပေါက်
ကိုယ်တွင်း အပူများ-အပူအစပ်စား အရက်သမားများ အပူကန်သည့် အခါဖြစ်တတ်၊

(၁၀) ခရမ်းရောင်ဖြစ်နေတဲ့လျှာ
ဗီတာမင်ဓါတ် ချို့ တဲ့မှု (B12)နဲ့  ခန္ဒာကိုတခုလုံ နားကျင်ပြီး လမ်းမလျောက်
နိုင်အောင်ခံစား၊အမျိုးသမီးများတွင် ရာသီလာချိန် သွေးခဲ သွေးပုတ် ဆင်းမှုများ။

(၁၁) လျှာ နဲ့  အာခေါင်တွင်းမှာ အပြာရောင်သန်းနေပါက နှလုံးနဲ့  သွေးလည်ပါတ်မှု အောက်ဆီဂျင်ဓါတ် လျော့နည်းလာမှု အဆိုး ဆုံးခံစားနေရသူ ဖြစ်ပြီး ရောဂါစိုးရိမ်ရ ဆေူရုံဆေးခန်းမမြန်သွားပြရ
ပါမယ်၊

(၁၂)အ၀ါရောင်ဖြစ်နေတဲ့လျှာ
အသဲရောင်အသားဝါ နဲ့ အသဲမှာရောဂါကူးဆက်နေတာကိုပြတာပါ။

(HIV နဲ့  AIDS ရောဂါ ဝေဒနာ ခံစားနေရသူများမှာလျှာဟာ လုံးဝ ပျက်ဆီးနေ တာတွေ့ ရပါတယ်၊အနာ-အဖုအပိန့် တွေနဲ့  ခြောက်ကပ်ပြီး အာခေါင်တခုလုံး အရည်ကြည်ဘုတွေ -အက်ကွဲကြောင်း အစက် အပြောက်တွေဖြစ်နေပါတယ်၊)

Credit:SAW

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...