Saturday, August 10, 2013

ဂရင်းကင်ညွန်ချောက်ကို ဗြိတိန်ဓာတ်ပုံဆရာ လူသား တောင်တန်းပုံစံ ဖန်တီး


အမေရိကန်နိုင်ငံရှိ ကမ္ဘာကျော် ဂရင်းကင်ညွန်ချောက်ကို ဗြိတိန်ဓာတ်ပုံဆရာ ကားလ်ဝါနာဆိုသူက လူသားတောင်တန်းပုံစံ ဖန်တီးရိုက်ကူးခဲ့သည်။ ကားလ်ဝါနာသည် ဂရင်းကင်ညွန်ချောက်ရှိ ချောက်ကမ်းပါးနှင့် တောင်တန်း ထောင့်ချိုးများကို လူသားတစ်ဦးဖြင့် ပုံစံအမျိုးမျိုး အနေအထား အမျိုးမျိုးဖြင့် ပုံဖော်ဖန်တီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ကားလ်ဝါနာသည် တောင်တန်းများနှင့် သဘာဝရှုခင်းများကို သစ်သီးသစ်ပင်များ၊ ဒိန်ခဲများ၊ ပေါင်မုန့်များ၊ ငါးများ၊ အသားများ၊ ဂျုံများဖြင့် ပုံဖော်ရိုက်ကူးရာတွင် ထင်ရှားသူတစ်ဦး ဖြစ်သည်။ လူသားနှင့် သဘာဝပတ်ဝန်းကျင်သည် အမြဲတမ်း ဆက်စပ်မှုရှိပြီး လူသားများ၏ အသွေးအသားများအတွင်း သဘာဝပတ်ဝန်းကျင်များ ရှင်သန် လှုပ်ရှားနေသကဲ့သို့ သဘာဝပတ်ဝန်းကျင် တောင်တန်းများတွင်လည်း လူသားများ ရှင်သန် လှုပ်ရှားနေသည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...