
အထက်ပါပုံကိုကြည့်ပါ။ ကျောက်တုံးတစ်ခုပေါ် ထိုင်နေပြီး လက်ဝှေ့ရမ်းနေတဲ့ အမျိုးသမီးပုံဟန်ရှိတဲ့ အရာတစ်ခုကို တွေ့ရပါတယ်။ ရောက်ရှိလာမယ့် အာကာသယာဉ်တစ်စီးစီးကို စောင့်မျှော်နေဟန်ပါပဲ။ အောက်ကပုံတွေကိုလည်း ကြည့်ပါ။
အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ၂၀၀၄ ခုနှစ်က ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ ဂြိုဟ်ပေါ်မှာ လျှောက်သွားပြီး ဓာတ်ပုံတွေရိုက်ယူပေးပို့နေပါတယ်။ ဒီပုံတွေကိုကြည့်ပြီး အင်တာနက်ပေါ်မှာ ကောလဟလတွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။
တချို့ က ဂြိုဟ်ပေါ်မှာ ကိုယ်တုန်းလုံး လျှောက်သွားနေတဲ့ဂြိုဟ်သားတွေလို့ ပြောပါတယ်။ တချို့ ကတော့ ဂြိုဟ်မျက်နှာပြင်အနေအထားအရ ပုံရိပ်ထင်လာတဲ့ လှည့်စားမှုလို့ ယူဆပါတယ်။
ဒီအတိုင်းကြည့်ရင် သိပ်ထူးခြားမှု မရှိပေမဲ့၊ ပုံတွေကိုချဲ့ကြည့်လိုက်ရင် အောက်ပါအတိုင်းတွေ့ရပါတယ်။




ဒါက လူရဲ့ဦးခေါင်းရိုးပုံ ရှိတဲ့ဟာပါ။ ပုံကိုချဲ့ ကြည့်ရင် အောက်ပါအတိုင်း တွေ့ရပါတယ်။

ဒီအကြောင်း Video ဖိုင်ကို သီးခြားတင်ပေးထားပါတယ်။အောက်ပါနေရာတွင်ကြည့်နိုင်ပါတယ်။
http://naykhayan.blogspot.com/2013/08/video.html#.UgZse6z_Ae0

ဖြစ်နိုင်ပါ့မလားဗျာ တကယ်ဖြစ်ရင်တော့တော်၂ထူးဆန်းနေပြီ
ReplyDelete