Thursday, November 23, 2017

ကမ္ဘာ့ပထမဆုံး 3D မှန်တံတားကြီး

မှန်သားဖြင့် တည်ဆောက်ထားသော တံတားကြီးကို အသဲထိတ်ဖွယ် အသက်ဝင်လှသော 3D ပန်းချီနည်းပညာဖြင့် ပေါင်းစပ်ကာ တည်ဆောက်ထားသည့် တံတားကြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံ ၊ Ningxia ပြည်နယ် ၊ Zhongwei မြို့တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ကမ္ဘာကျော် မြစ်ဝါမြစ်ကြီးပေါ်တွင် ဖြတ်သန်းတည်ဆောက်ထားပြီး မြစ်ဝါမြစ်အလှကို ပေါ်လွင်ခံစားရစေဖို့ မှန်တံတား တည်ဆောက်ပေးထားခြင်း ဖြစ်ပါသည်။ ထို့ပြင် ထိုမှန်တံတားကြီးမှ အပိုင်းတစ်ချို့ကို အသက်ဝင်လှသည့် 3D နည်းပညာဖြင့် ပေါင်းစပ်ကာ အသဲထိတ်ဖွယ် လျောက်လမ်းအဖြစ် ဖန်တီးပေးထားပါသည်။ ဖြတ်သန်းရသူများအနေဖြင့် အောက်သို့ထိုးကျတော့မတတ် ခံစားရစေမည် ဖြစ်ပါသည်။ တံတားကြီးသည် အရှည်အားဖြင့် စုစုပေါင်း ၃၂၈ မီတာအထိ ရှည်လျားပြီး အထူးပြုလုပ်ထားသည့် မှန်ချပ်ကြီးပေါင်း ၁၃၈ ချပ်ဖြင့် တည်ဆောက်ထားပါသည်။ မြစ်ဝါမြစ်ကြီးသည် ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများစာရင်းတွင် နံပါတ် ၆ ခုမြောက် အရှည်ဆုံးမြစ်ကြီး ဖြစ်ပြီး တရုတ်ပြည် ရှေးခေတ်အဆက်ဆက် အသုံးဝင်အကျိုးပြုခဲ့သည့် မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ မြစ်ဝါမြစ် ယဉ်ကျေးမှုဟု တင်စားခေါ်ဝေါ်လောက်အောင် ယဉ်ကျေးမှုနှင့် လူသားသမိုင်း စီပင်တိုးတတ်စေခဲ့သည့် မြစ်ဝှမ်းလွင်ပြင်ဒေသ တစ်ခုဖြစ်ပါသည်။









သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...