Thursday, November 30, 2017

ပေါ်တူဂီတွင် ဒိုင်နိုဆောခေတ်ကဟု ယူဆရသည့် ငါးမန်းဖမ်းမိ


ပေါ်တူဂီနိုင်ငံ တောင်ဘက်အစွန်းက အယ်လ်ဂါ့ဗ်ကမ်းရိုးတန်းမှာ ဒိုင်နိုဆောခေတ်က ငါးမန်းလို့ ယူဆရတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၈၀ လောက်ကတည်းက ရှိခဲ့တဲ့ ငါးမန်းမျိုးစိတ်ထဲက ငါးမန်းတကောင်ကို ပေါ်တူဂီ သိပ္ပံပညာရှင်တွေက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မလိုအပ်တဲ့ စီးပွားဖြစ်ငါးဖမ်းမှုတွေကို လျှော့ချဖို့ ဦးတည်တဲ့ ဥရောပသမဂ္ဂရဲ့ စီမံကိန်းအတွက် လုပ်ဆောင်ရင်း မြင်ရခဲလှတဲ့ ဖရေးလ်ဒ်ငါးမန်း (ပန်းအနားများနဲ့ငါးမန်း) ကို ဆွဲပိုက်နဲ့ မထင်မှတ်ဘဲ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ဒီလိုငါးမန်းတွေရဲ့ ရုပ်ကြွင်းသက်တမ်းကို ပြန်ကြည့်ရင် ဒီငါးမန်းအမျိုးအစားက လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၈၀ ဝန်းကျင်ကတည်းက ရှိခဲ့လို့ နိုင်ငံရဲ့ ပင်လယ်ပြင်နဲ့ လေထုအင်စတီကျု သိပ္ပံပညာရှင်တွေက ဖမ်းမိတဲ့ ငါးမန်းမျိုးကို သက်ရှိရုပ်ကြွင်းလို့ အမည်ပေးထားကြောင်း အေလီယမ်မက်ဒီတာရေးနီးရန်းနယူးစ် သတင်းဌာနရဲ့ သတင်းအရ သိရပါတယ်။

ငါးမန်းကို ပေါ်တီမာယို အပန်းဖြေစခန်းရဲ့အဝေး ပေပေါင်း ၂၃၀၀ ရေအနက်ကနေ ဖမ်းမိခဲ့တာဖြစ်ပြီး ငါးမန်းက အထီးဖြစ်တယ်၊ ၅ ပေ အရှည်ရှိတယ်လို့ ဆိုပါတယ်။
ဒီလိုငါးမန်းမျိုးကို သူ့ရဲ့ဇီဝ ဒါမှမဟုတ် ပတ်ဝန်းကျင်အရနဲ့ ဖမ်းမိခဲ့တာတွေကြောင့် လူသိနည်းပြီး ဖရေးလ်ဒ်ငါးမန်းမျိုးက မြွေတွေလို လှုပ်ရှား ဆန့်ထွက်တတ်ပြီး ငါးရှဥ့်လို ခန္ဓာကိုယ်မျိုး ရှိတယ်လို့ ဆမ်မြူရယ်ဂါမန်းက ဒီငါးမန်းကို ၁၈၈၄ ခုနှစ်မှာ ဦးဆုံးလေ့လာပြီးနောက် သိရပါတယ်။

အယ်လ်ဂါ့ဗ်တက္ကသိုလ်က ပရော်ဖက်ဆာ မာဂရီဒါကက်စထရိုက ဒီငါးမန်းမျိုးကို ဖရေးလ်ဒ်ငါးမန်းလို့ ပေးတာက တခြားငါးမန်း၊ ငါးနဲ့ ရေဘဝဲတွေကို ချက်ချင်း တိုက်ခိုက်ဖမ်းယူနိုင်တဲ့ သူ့ရဲ့ ပန်းအနားတွေနဲ့ တန်ဆာဆင်ထားသလို ဖြစ်နေတဲ့ သွားအချောင်း ၃၀၀ ကြောင့်လို့ စစ်နိုတီစီရက်စ် သတင်းဌာနကို ပြောပါတယ်။

ဒီငါးမန်းမျိုးက သက်ရှိအဖြစ် မြင်ရခဲပြီး လူသားတွေကို လုံးဝ အန္တရာယ်မပြုပေမယ့် သိပ္ပံပညာရှင်တွေကတော့ သူ့ရဲ့သွားတွေကို လေ့လာရင်း မတော်တဆ ပြတ်ရှတတ်တာရှိတယ်လို့ အင်ဒီပန်းဒန့်သတင်းမှာ နိုဝင်ဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။
Credit:DVD

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...